ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက နှစ် (၆၀) ပြည့် ဆဲဗင်းဂျူလိုင်နေ့ကို သဝဏ်လွှာပေးပို့
ဇူလိုင် ၇ ၂၀၂၂
ဇူလိုင် ၇ ရက်မှာပြည့်မြောက်တဲ့ နှစ် ၆၀ ပြည့် ဆဲဗင်းဂျူလိုင်နေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ကျောင်းသားသမဂ္ဂတွေဟာ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီအရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး၊ကျောင်းသား တွေရဲ့အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့အတွက် စုပေါင်းအားနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့ကြပြီးအသက် သွေးချွေးများစွာစတေးကာ ခက်ခဲပင်ပန်းစွာရယူခဲ့တဲ့ မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးမှုကို လက်နက်အားကိုးနဲ့ သိမ်းယူဖို့ကြိုးပမ်းခဲ့တဲ့ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းမှာလည်း ကျောင်းသားလူငယ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တွေက အလိမ်အညာလှည့်ဖြားမှုတွေနဲ့ တော်လှန်ရေးအရှိန်ကျသွားစေဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းလုပ်ဆောင်နေပေမယ့် ကျောင်းသားလူငယ်တွေရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်၊ ခိုင်မာတဲ့ လုံ့လအားစိုက်မှု တွေကို ဂုဏ်ယူလေးစားတယ်လို့ဖော်ပြထားပါတယ်။
တိုင်းရင်းသား ပြည်သူများနဲ့အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပါဝင်ဆင်နွှဲသွားကြမယ့် ကျောင်း သားလူငယ်တွေနဲ့ အားလုံးရဲ့ ထပ်တူညီတဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီကို ယုံကြည် ချက်အပြည့်နဲ့ ဆက်လက်ချီတက်ဖို့လည်းတိုက်တွန်းထားပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။