ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန် ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ဇူလိုင် ၄ ၊ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန် ကြီးဌာနတို့အကြား တွေ့ဆုံ ဆွေးနွေးမှုကို ဇူလိုင် ၁ ရက်မှာ ဗီဒီယိုကွန်ဖရင့်ကနေတ ဆင့် ပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်း ရေးမှူး ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး အဲဒီနောက်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန် ကြီး ဦးထင်လင်းအောင်က ဝန်ကြီးဌာနရဲ့ မူဝါဒတွေကို ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆက်သွယ်ရေးနဲ့ပတ်သက်ပြီး သင်တန်းပေးနေမှုတွေ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု တွေ၊ United Bond System တည်ဆောက်တာတွေ၊ ကြားကာလပညာ ရေးအတွက် Home Base Learning System နဲ့ အခြားသော Education System တွေကို IT နည်းပညာနဲ့ ဆောင်ရွက်တာ၊ Data Dashboard တွေတည်ဆောက်တာ၊ People Voice Television ၊ Radio NUG ဆောင်ရွက်ထား ရှိမှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက်မှာ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးအကြံပြုချက်တွေ ပြုလုပ်ခဲ့ကြပြီး CRPH ရဲ့ ရေးရာကော်မတီတွေက လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေ၊ ရေးရာကော်မတီတွေရဲ့ ကော်မတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ တက်ရောက်ခဲ့ပြီး ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာ ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။