ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို အကူအညီပေးရေး အစီအစဉ်တွေအတွက် နိုင်ငံတကာပါလီမန်များ အဖွဲ့(IPU) နဲ့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို အကူအညီပေးရေး အစီအစဉ်တွေအတွက် နိုင်ငံတကာပါလီမန်များ အဖွဲ့(IPU) နဲ့ တွေ့ဆုံဆွေးနွေး
ဇွန် ၂၈ ၊ ၂၀၂၂

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို အကူအညီပေးရေး အစီအစဉ်တွေအတွက် နိုင်ငံတကာပါလီမန်များ အဖွဲ့(IPU) နဲ့ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၂၇ ရက် ည ၆နာရီခွဲအချိန်က ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့တယ်လို့ CRPH က ဒီနေ့ မှာသတင်းထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union – IPU) က ပံ့ပိုးမဲ့ အကူအညီပေးရေး စီမံကိန်းအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ လုပ်ငန်းတွေ ပိုမိုအောင်မြင်စေရန် ကော်မတီတွေရဲ့လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ပဆက်ဆံရေးနဲ့ နိုင်ငံကာပါလီမန်တွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရေး၊ နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေး အဆင့်မြှင့်တင်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာလွှတ်တော်ဖွံ့ဖြိုးရေးစီမံကိန်းအရ CRPH အဖွဲ့ဝင်တွေ၊ ရေးရာကော်မတီတွေ၊ ကော်မတီရုံးအဖွဲ့တို့အတွက် ဆက်သွယ်ဆက်ဆံရေးနဲ့ နည်းပညာစွမ်းရည်တို့ တိုးတက်လာစေရန် သတင်းအချက်အလက်မျှဝေတာနဲ့ သင်တန်းပေး တာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှုး မိုင်းလမင်းထွန်း၊ အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းနိုင်၊ ဦးနေမျိုး၊ ဦးမျိုးနိုင်၊ ဦးလမာနော်အောင်၊ ဦးရောဘတ်ညေးရယ်၊ ဦးဥက္ကာမင်း၊ သတင်းနဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝေဖြိုးအောင်၊ အတွင်းရေးမှုး ဦးစည်သူမောင်နဲ့ အဖွဲ့ဝင် တွေ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ ကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) မှ Technical cooperation Programme ရဲ့ မန်နေဂျာ Ms. Norah Babic ၊ ကျွမ်းကျင်သူ Mr. Alex Read၊ Mr. Avinash Bikha၊ မြန်မာလွှတ်တော်ဖွံ့ဖြိုးရေး မိတ်ဖက်တွေနဲ့ ကျွမ်းကျင်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.