ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွှန့်နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့
ဇွန် ၂၇ ၊ ၂၀၂၂
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဌ ဦးအောင်ကြည်ညွှန့်နဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union –IPU) အထွေထွေ အတွင်းရေးမှူးချုပ်တို့ ဇွန် ၂၁ ရက်မှာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ ကြပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့တွေအကြား ဇွန် ၂၁ ရက်မှာ နယူးယောက်မြို့ရှိ နိုင်ငံတကာပါလီမန်များအဖွဲ့ ရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။
အစည်းအဝေးမှာ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ဖွဲ့စည်းပေါ် ပေါက်လာပုံ၊ CRPH ရဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ရလဒ်တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေတွေနဲ့အဲဒီလို ဆောင်ရွက်ရာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီတို့ရဲ့ အခန်းကဏ္ဍတွေ၊ IPU က စနစ်တကျ စောင့်ကြည့်လျက်ရှိတဲ့ မြန်မာနိုင်ငံလွှတ်တော် ကိုယ်စားလှယ်များအပေါ်မှာ အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆုံးရှုံးနေတဲ့ အခြေခံအခွင့်အရေးတွေ” ကို ဆွေး နွေးခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေ နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ကနေဒါအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး မစ္စတာ ရောဘတ်ရေ နဲ့ တွေ့ဆုံရာမှာ “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုမှာ ကနေဒါနိုင်ငံရဲ့ ကူညီဆောင်ရွက်ပေး နေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနဲ့ ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ပြောကြား ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ၊ စစ်တပ်က ဖျက်ဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေမှုတွေ၊ ယင်းသို့ မြန်မာပြည်သူများ ခံစားနေရမှုကို လျော့ကျစေရေး နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဒါအပြင် ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့နဲ့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်သွားဖို့ သဘော တူညီခဲ့ကြပါတယ်။
ဒါအပြင် ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့နဲ့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ အမြဲတမ်းကိုယ်စားလှယ်များ၊ သံတမန်တွေနဲ့ International IDEA မှ တာဝန်ရှိသူတွေနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို အပြန်အလှန်ဆွေးနွေးဖလှယ်မှုတို့ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌရဲ့ နယူးယောက်ခရီးစဉ် က မြန်မာ့ဒီမိုကရေစီအတွက် အခက်အခဲတွေကို သိမြင်နိုင်မှု တိုးမြှင့်ပေးနိုင်တာ၊ မြန်မာ့တရားဝင် ရွေးကောက်ခံအဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို နိုင်ငံတကာအသိုက်အဝန်းက ကောင်းစွာ သိရှိနားလည်စေတာ၊ အနာဂတ်မှာ အဓိက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွ ပိုမိုလက်တွဲ လုပ်ဆောင်သွားရန် သဘောတူညီမှုတို့ကို ရရှိခဲ့တဲ့ အကျိုးဖြစ်ထွန်းသော ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။