ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ UK လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေး၊ အကြမ်း ဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ကြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ UK လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေး၊ အကြမ်း ဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ကြ
မတ် ၁၇ ၊ ၂၀၂၂

CRPH ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အခြေအနေများအပေါ် ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကြုံ တွေ့နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ၊ စစ်တပ်ရဲ့ ပြည်သူတွေအပေါ်မှာ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိူးဖောက်နေမှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ COVID-19 ကာကွယ်ထိန်း ချုပ်ရေးနဲ့ ကုသရေး အကူအညီတွေ လိုအပ်နေမှု၊ စစ်အာဏာသိမ်းမှုကို ဆန့် ကျင်ရာမှာ ကြားကာလ နိုင်ငံရေးအင်အားစုတွေရဲ့ ပါဝင်မှုနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် အာဆီယံအပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံ ဒေသတွင်း ဖွံ့ဖြိုးတိုး တက် မှုတွေနဲ့ စိုးရိမ်ချက်တွေ၊ UK လွှတ်တော်နဲ့ လွှတ်တော်ချင်း ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်နိုင်ရေးကိစ္စရပ်တွေကိုလည်း အပြန်အလှန်ဆွေး နွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရေးနဲ့ လူအခွင့် အရေးကာကွယ်တိုးမြှင့်နိုင်ရေး UK လွှ‌တ်တော်ကိုယ်စားလှယ်တွေက အနာဂတ်မှာ ကူညီဆောင်ရွက်ပေးနိုင်မယ် ကိစ္စရပ်တွေ၊ ဆက်လက်ဆွေးနွေးသွားမယ် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသ ဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ကော်မတီဝင်တွေ ဖြစ်ကြတဲ့ ဦးဝင်းနိုင်၊ ဦးရောဘတ်ညေးရယ်၊ ဦးစည်သူမောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း၊ ကော်မတီအတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ အဖွဲ့ဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ကြပါတယ်။

UK လွှတ်တော်က All-Party Parliamentary Group on Democracy in Burma ရဲ့ ဥက္ကဌ ဖြစ်သူ Ms. Rushanara Ali (Labour) နဲ့အတူ Ms. Baroness Cox (Crpssbench) ၊ Mr. Lord Sarfraz( Conservative)၊ Mr. Lord Bruce of Bennachie (Liberal Democrat)၊ Ms. Sarah Champion(Labour)၊ Ms. Alicia Kearns(Conservative)၊ Mr. Nigel Mills (Conservative)၊ Mr. Imran Hussain(Labour)၊ Mr. Pauline Latham OBE (Conservative)၊ Mr. Virenda Sharma (Labour) တို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.