ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေးဖို့ နိုင်ငံတကာပါလီမန်များညီလာခံတွင် တောင်းဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေးဖို့ နိုင်ငံတကာပါလီမန်များညီလာခံတွင် တောင်းဆို
၂၉ နိုဝင်ဘာလ ၂၀၂၁

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ နိုင်ငံတကာပါလီမန်များညီလာခံ(IPU)မှာ CRPH က တောင်းဆိုပါတယ်။ ၁၄၃ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုဝင်ဘာ ၂၄ ရက်ကစလို့ ကျင်းပနေရာ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကြားနာပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ CRPH က တက်ရောက်ခဲ့ပါတယ်။ အဲဒီကြားနာပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပပျောက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် IPU နဲ့ အဖွဲ့ဝင်လွှတ်တော်များ၊ နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေးစတဲ့အချက်တွေကို တောင်းဆိုခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။ နောက်ပြီး IPU အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေများ၊ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခက်အခဲများနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းများကို မေးမြန်းခဲ့ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအတွက် သတင်းအချက်အလက်နဲ့ အထောက်အထားတွေကိုလည်း နောက်ဆက်တွဲ ပေးပို့တင်ပြပေးဖို့ သဘောတူခဲ့ တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။ CRPH ဟာ ပြည်သူလူထုနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အပြီးတိုင်ကျဆုံးရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင် သွားမယ်လို့ IPU မှာ ကတိပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#News



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.