ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ…


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ် (၁၁)
————————

၁။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကိုကိုင်စွဲလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
၂။ ဤ ပြည်ထောင်စုအစိုးရသစ်ပေါ်ပေါက်ရန် အလို့ငှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် သွားမည်ဖြစ်ပါသည်။

၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှှင့် ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက် ဖွဲ့စည်းပေါ်ပေါက်လာမည် ဖြစ်ပါသည်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံပါဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Like – 14K Share – 1551

Public Voice Television Facebook

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.