ပြင်သစ်ရေနံကုမ္ပဏီTotal Energiesက မြန်မာနိုင်ငံက လုပ်ငန်းတွေ ရုပ်သိမ်းကြောင်း ထုတ်ပြန်
ဇန်နဝါရီ ၂၁၊ ၂၀၂၂
ပြင်သစ်ရေနံကုမ္ပဏီ Total Energiesက လက်ရှိမြန်မာနိုင်ငံက လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်တာမျိုးမလုပ်တော့ပဲ ရုပ်သိမ်းကြောင်း ဒီနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို Total Energies ကအကြိမ်ကြိမ်ရှုတ်ချခဲ့တာလဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုက စပြီး ကုမ္ပဏီရဲ့ အခြေခံမူ အချက် သုံးချက်ကိုအခြေခံ ဆုံးဖြတ်ချက်ခဲ့တယ်လို့ ပြင်သစ်ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။
ပထမတချက် အနေနဲ့ကတော့ ဓာတ်ငွေ့ပိုက်လိုင်းက မြန်မာနဲ့ ထိုင်းပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့မူမရှိမဖြစ်လိုအပ်တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
ဒုတိယအချက် အနေနဲ့ကတော့ ကုမ္ပဏီ ရဲ့ ဝန်ထမ်းတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမူ၊ တရားစွဲဆိုမူတွေနဲ့ အဓမ္မဖိအားပေး ခိုင်းစေမူတွေကို ကာကွယ်ပေးဖို့နဲ့ တတိယအချက်ကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တွေဆီကို ငွေကြေးစီးဆင်းမူဖြတ်တောက်ဖို့ စတဲ့ အချက် ၃ ချက်ကြောင့် ဖြစ်တယ်လို့ ပြင်သစ်ရေနံကုမ္ပဏီ က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိနေတဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်တင်ပို့ရောင်းချမှုတွေကို ဆက်လက်မလုပ်ကိုင်ဖို့ ပြည်တွင်း၊ပြည်ပရှိ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပညာရှင်တွေ ပြည်သူတွေကလဲ လက်မှတ်များရေးထိုးပြီး ပြင်သစ်ရေနံကုမ္ပဏီTotoal နဲ့ အမေရီကန်ရေနံကုမ္ပဏီ Chevron တို့ကိုတိုက်တွန်းတောင်းဆိုထားကြတာြဖစ်တယ်လို့ လူထုနွေဦး သတင်းအရ သိရပါတယ်။
#SpringRevolution
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။