ပြင်သစ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ NUG ကို အမြန်အသိမှတ်ပြုရေး ဆန္ဒထုတ်ဖော်မည်

ပြင်သစ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ NUG ကို အမြန်အသိမှတ်ပြုရေး ဆန္ဒထုတ်ဖော်မည်

ဇန်နဝါရီ ၃၁၊ ၂၀၂၂

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အောက်လွှတ်တော် အနီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ N UG ကို ပြင်သစ်နိုင်ငံက အမြန်အသိမှတ်ပြုရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော် ကြမယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အချိန် နေ့လည် ၁ နာရီ ခွဲကနေ ၃ နာရီခွဲအထိဖြစ်ပြီး နေရာကတော့ Rue de Constantine, angle rue de l’Université, 75 007 PARIS ဖြစ်တယ်လို့ ဖော်ြပထားပါတယ်။

လာမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ က မြန်မာနိုင်ငံ မှာ စစ်အာဏာသိမ်းပြီး မတရား ပြည်သူကို ဖိနှိပ် ခဲ့တာ တစ်နှစ်တင်းတင်းပြည့်တော့မှာြဖစ်ပါတယ်။

ဒီတစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း စီးပွါးရေး လူမှူ‌ရေး ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ် အသီးသီးတွေမှာ တစစနဲ့ အခြေအနေတွေ ဆုတ်ယွင်းခဲ့တဲ့ အပြင် စစ်တပ်က ပြည်သူကိုရန်သူသဖွယ် ထိုးစစ် ဆင်မှုကြောင့် ပြည်တွင်းမြို့ ကြီးတွေမှာလဲ စစ်ဘေးရှောင်တွေ နေ့စဉ်နဲ့အမျှ ပိုမိုများပြားလာနေပါတယ်။

နိုင်ငံတကာရောက် မြန်မာ အင်အားစုတွေ ပြည်တွင်းနေ မြန်မာ ပြည်သူတွေ လုပ်ဆောင်မှူတွေနဲ့ အတူ အားတက်သရော ကျရာ နေရာကနေ စစ်အာဏာရှင် ကိုနည်းမျိုးစုံနဲ့ တော်လှန်ခဲ့တာကလဲ တနှစ် ပြည့်တော့မယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြင်သစ် နိုင်ငံမှာ ရှိနေတဲ့ မြန်မာ အင်အားစုအနေနဲ့ စစ်အာဏာသိမ်းမှူကို လက်မခံကြောင်း ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့အတူ ဖွဲ့ထားတဲ့ NUG အစိုးရကသာ ပြည်သူ့အစိုးရ ဖြစ်ကြောင်း ပြင်သစ် အောက်လွှတ်တော်က အမတ်တွေကနေ တဆင့် ကျန်နိုင်ငံတကာ အင်အားစုတွေ သိစေဖို့ အောက်လွှတ်တော် အနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပါမယ်လို့ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ရေးသားထားတာတွေ့ရပါတယ်။

မြန်မာ့ အရေး အလေးထား ကြိုးစားပူးပေါင်းပါဝင်ပေးကြဖို့လဲ အလေးထား ဖိတ်ကြားတယ်လို့ ဆိုပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.