ပဲခူးတိုင်းအတွင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ဦးဆောင်တဲ့ အဖွဲ့တို့ အရေးပေါ် အစည်းအဝေးပြုလုပ်
မတ် ၉ ၊ ၂၀၂၂
ပဲခူးတိုင်းမြို့နယ်အတွင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုဝန်ကြီး ဦးခူထဲဘူးတို့ပါဝင်တဲ့ အဖွဲ့တွေအကြား အရေးပေါ်အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
အရေးပေါ်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးက အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအ ပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေ ကျစ်လျစ်ခိုင်မာအားကောင်းရေးကိစ္စရပ်တွေအတွက် ဆွေးနွေး တိုင်ပင်မှုတွေ လုပ်ခဲ့ကြပါတယ်။
အစည်းအဝေးကို နယ်မြေတာဝန်ရှိ ပုဂ္ဂိုလ် ၈၀ ကျော်တက်ရောက်လာခဲ့ပြီး မွန်းလွဲ ၁၂ နာရီမှာ အစည်းအဝေးပြီး ဆုံးခဲ့တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။