ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီရှို့၊ ဒေသခံရွာသာ ၄၅၀ ကျော် ထွက်ပြေးနေရ
မတ် ၁၅ ၊ ၂၀၂၂
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာကို ဒီနေ့မွန်းလွဲ ၃ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီးတော့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အဲဒီလိုမီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၆ လုံး၊ မီးလောင်ပြာကျပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ၄၅၀ ကျော်လဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် သိမ်ကုန်းရွာ ဘုန်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ စုပြီး တိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေကပြောပါတယ်။ နောက်ဆက်တွဲ သတင်းအချက်အလက်တွေကို PVTV က စုံစမ်းမေးမြန်းပြီး ဆက်လက် ဖော်ပြပေးပါမယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။