ပေါက်မြို့နယ်အတွင်း ဘုရားပိုင်ငွေ ခိုးယူခံရမှုကို ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပ.လ.ဖ) က အမှုကိုစစ်ဆေးဖော်ထုတ်
◾️ ခိုးယူသူမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားကလေးငယ်ဖြစ်တဲ့အတွက် ခံဝန်ထိုးခိုင်းပြီး အားပေးအားမြှောက်ပြု လုပ်တဲ့ အုပ်ထိန်းသူတွေကို ဒဏ်ငွေချမှတ်
ဇူလိုင် ၁ ၊ ၂၀၂၂
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ ဘုရာပိုင်ငွေတွေ ခိုးယူခံရမှုကို ပေါက်မြို့နယ် တောင်ပိုင်း ပြည်သူ့လူခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) က အမှုကို စစ်ဆေးပြီး တရားခံကို ဖော်ထုတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ပေါက်တောင်ပိုင်း SPGF စိုးမိုးနယ်မြေအတွင်း ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ဇွန် ၁၅ ရက်က ဘုန်းကြီး ကျောင်းထဲမှာရှိတဲ့ ဘရားငွေတွေ ခိုးယူခံခဲ့ရပြီး အဲဒီဖြစ်စဉ်အပေါ် စုံစမ်းအရေးယူပေးဖို့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးက ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကို တိုင်ကြားမှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုင်ကြားမှုကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဖြစ်နေတာကိုတွေ့ရှိ ခဲ့ရပြီး မိခင်ဖြစ်သူကို စစ်ဆေးရာ အဘွားထံမှ ပိုက်ဆံခိုးယူတာဖြစ်ပြီး ဘုန်းကြီးကျောင်းက ခိုးယူခြင်းမဟုတ်ဘူးလို့ ထွက် ဆိုပါတယ်။ အဲဒီနောက်မှာ ဆက်စပ်စစ်ဆေးမှုတွေ၊ ပ.လ.ဖ အဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့ စစ်ဆေးရာ ခိုးယူသူမှာ အဆိုပါ ကျောင်းသားဖြစ်နေတယ်ဆိုတာ အထောက်အထားခိုင်ခိုင်မာမာ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအတွက် ခိုးယူခဲ့တဲ့ငွေကျပ် ၁၂ သိန်းကို ခိုးယူခဲ့သူ ကျောင်းသားအား ပြန်လည်ပေးဆောင်စေပြီး အသက်မပြည့်သေး တဲ့ ကျောင်းသားဖြစ်နေတဲ့အတွက် မိဘတွေဆီအပ်နှံကာ နောင်မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေတယ်လို့ ဆို ထားပါတယ်။
ခိုးယူမှုကို ကာကွယ်ပေးတဲ့ အုပ်ထိန်းသူ မိခင်နဲ့ အဘွားဖြစ်သူကို ခိုးယူမှုအား အားပေးအားမြှောက်ပြုလုပ်တဲ့အတွက် ဒဏ်ကြေးငွေ ၅ သိန်းကျပ်ကို ပေးဆောင်စေတယ်လို့ ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားတာ တွေ့ရပါတယ်။
ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကလည်း အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ် ဦး အဓ္ဓမပြုကျင့်ခံရတဲ့ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလအုပ်ချုပ်ရေး လုပ်ဆောင်လျက်ရှိရာ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ အုပ်ချုပ်ရေးတွေ ဖော်ဆောင်ထားပါတယ်။
(ပိုက်ဆံပျောက်ဆုံးခဲ့သည့် ဘုန်းကြီးကျောင်းရှိ ဗီရိုဓါတ်ပုံ-SPGF)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။