ပူတင်ကလည်း ယူကရိန်းပြည်သူတွေကို သတ်နေသလို မင်းအောင်လှိုင်ကလည်းပြည်သူတွေကို သတ်နေသူလို့ ယာယီသမ္မတ ဒူဝါလရှီးလက တွစ်တာမှာရေး
မတ် ၁၈ ၊ ၂၀၂၂
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက သူ့ရဲ့ တွစ်တာမှာ ရုရှားသမ္မတ ပူတင်က ယူကရိန်း ပြည်သူတွေကို သတ်နေသလို မင်းအောင်လှိုင်ကလည်း ပြည်သူတွေကို သတ်နေတယ်ဆိုပြီးတော့ ရေးသားလိုက် ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “ပူတင်ရဲ့ စစ်တပ်က ယူကရိန်းပြည်သူတွေကို တိုက်ခိုက်တာပြုလုပ်နေသလို မင်း အောင်လှိုင်ရဲ့ စစ်တပ်ကလည်း ကရင်နီပြည်နယ်က ပြည်သူတွေကို ရရှားရဟတ်ယာဉ်တွေ အသုံးပြုပြီးတော့ အရပ်သားပြည်သူကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်သတ်ဖြတ်နေတယ်လို့” တွစ်တာမှာရေးသားလိုက်တာပါ။
ဒါအပြင် ယာယီသမ္မတက ဟက်ရှ်တခ်နေရာမှာလည်း #မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲ(#What’sHappeningInMyanmar) ၊ #ယူကရိန်းနဲ့ ရပ်တည်ပါ(#StandWithUkraine) ၊ #FreeWorld အစရှိတာတွေ အသုံးပြုထားတာ တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တွစ်တာက https://twitter.com/NUGmyanmar ဖြစ်ပြီးတော့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ တွက်တာအကောင့်က https://twitter.com/duwalashila ဖြစ်ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။