ပုလဲမြို့၊ နဂါးမတောင်တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ၁၀ ဦးကျော်သေဆုံး
ဒီဇင်ဘာ ၃၁၊ ၂၀၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ နဂါးမတောင်ရွာ အနောက်ဘက် (စိမ်းလမ်းရုံး) အနီးမှာ ပြည်သူ့တော်လှန်ရေး တပ်မတော် PRA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ တယ်လို့ PRA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင် ၂ နာရီခန့်လောက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ PRA က ထုတ်ပြန်ထားတာပါ။
မကွေးတိုင်း၊ ကျောမြို့နယ်ရဲ့ ကပစ ကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ယာဉ်တန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော် PRA က ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၂၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေး တပ်မတော် PRA အဖွဲ့ က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို သွားရောက်စစ်ဆေးတဲ့အခါမှာတော့ အကြမ်း ဖက်စစ်ကောင်စီတပ်သားအလောင်တွေကို မီးရှို့ထားတာတွေ့ရပြီး အနားမှာလည်း အမိန့်ပြန်ထားတာလို့ ယူဆရတဲ့ စာရွက် တွေကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
ဓာတ်ပုံ – ဗိုလ်ဂျပန်