ပုလဲမြိုအတွင်းမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ လူနေရွာထဲကို ပစ်ခတ်မှုတွေပြုလုပ်တဲ့ အတွက် ပြည်သူအချို့ ဒဏ်ရာရ

ပုလဲမြိုအတွင်းမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ လူနေရွာထဲကို ပစ်ခတ်မှုတွေပြုလုပ်တဲ့ အတွက် ပြည်သူအချို့ ဒဏ်ရာရ
◼️ ဒေသခံကာကွယ်ရေးတပ်တွေက ပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်နေ
ဇန်နဝါရီ ၄ ၊ ၂၀၂၃

ပုလဲမြို့နယ်အတွင်းက အင်မထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့ရာ မဲဇရပ်ရွာအပေါ်ကို ကျရောက်ပေါက်ကွဲတဲ့ အတွက် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ PVTV ရဲ့ မြေပြင်သတင်းထောက်က သတင်းပေးပို့ပါတယ်။

ဒီနေ့မနက် လင်းအားကြီးအချိန် တစ်နာရီခန့်လောက်မှာ ၁၅ ဦးပါတဲ့ အကြမ်းဖက်စစ်ကြောင်းက မနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ ညောင်းရင်းရွာကို ရောက်ပြီးတော့ အဲဒီကနေ ကန်ထောင့်နဲ့ ကပ်လျက်ရှိတဲ့ မဲဇရပ်ရွာအပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာပါ။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေက နေအိမ်တွေပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“အခု ကိုပင်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ မဲဇရပ်ရွာမှာလည်း ပြေးချိန်မမီလိုက်ဘဲ ပိတ်မိနေတဲ့ ပြည်သူတွေ အများကြီးရှိတယ်” လို့ PVTV သတင်းထောက်က ဒီနေ့ မွန်းလွဲ ၁၁ နာရီခန့်မှာ သတင်း ပေးပို့လာပါတယ်။

ကျေးရွာတွေကို အသားလွတ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေက တုန့်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

တိုက်ပွဲ ပြင်းထန်လာနိုင်တဲ့အတွက် ကန့်ထောင့်ရဲစခန်းအနီး ပတ်ဝန်းကျင်က ပြည်သူတွေ စစ်ဘေးရှောင်နေရပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ၄ ခုရှိပြီး စစ်ရှောင်ပြည်သူ ၁၅၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေနဲ့ ဒဏ်ရာရ ပြည်သူတစ်ဦး
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.