ပအိုဝ်းတော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့နိုင်ဖို့အတွက် EOD ရှယ်ယာနဲ့ ငွေတိုက်စာချုပ်တွေ ရောင်းချ
ဇွန် ၂၈ ၊ ၂၀၂၂
ပအိုဝ်းတော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့နိုင်ဖို့အတွက် ရည်ရွယ်ပြီး EOD ရှယ်ယာနဲ့ ငွေတိုက်စာချုပ်တွေကို ပြည် တွင်း ပြည်ပမှာ စတင်ရောင်းချနေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို ရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ပူးပေါင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလို လုပ်ဆောင်ရာမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေးကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ဖော်ဆောင်နေကြတဲ့ ပအိုဝ်းတော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဆက်သွယ်ဝယ်ယူရရှိနိုင်တဲ့နည်းလမ်းတွေကတော့ ပြည်တွင်းမှဝယ်ယူရမယ့် ဖေ့စ်ဘွတ်ခ်လင့်က https://www.facebook.com/Paonationalfederalcouncilpnfc ဖြစ်ပြီး နိုင်ငံတကာမှဝယ်ယူရမယ့်လင့်က https://www.facebook.com/GlobalPaOFamily ၊ https://www.facebook.com/သုဝဏ္ဏဝတီနွေဦးတော်လှန်ရေး-109233604571610/ ၊ https://www.facebook.com/paopdfkhamdom ၊ https://www.facebook.com/မလေးရှားရောက်ပအိုဝ်းလူငယ်များအဖွဲ့-684151318312925/ တွေပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။