ပအိုဝ်းတိုင်းရင်းသားတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ လက်တွဲပြီး ဘုံပန်း တိုင်ဆီ ချီတက်ကြမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီက ကြေညာချက်ထုတ်ပြန်

ပအိုဝ်းတိုင်းရင်းသားတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ လက်တွဲပြီး ဘုံပန်း တိုင်ဆီ ချီတက်ကြမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီက ကြေညာချက်ထုတ်ပြန်
မတ် ၁၆ ၊ ၂၀၂၂

ဒီနေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဦးတည်ချက်တွေကနေတစ်ဆင့် ပအိုဝ်းတိုင်းရင်းသား တွေနဲ့အတူ တိုင်းရင်းသားပြည်သူတွေအားလုံးက အတူတကွလက်တွဲပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ အနာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ဘုံပန်းတိုင်ဆီ ကို ကြိုးစားချီတက်ရှေ့ဆက်ကြဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ကသဝဏ် လွှာပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)က ပေးပို့တဲ့သ ဝဏ်လွှာမှာတော့ ယနေ့ကျရောက်တဲ့ ထူးခြားတဲ့ သမိုင်းအစဉ်အလာကို အကြောင်း ပြုပြီး ကျေးဇူးတရားကို ဖော်ညွှန်းရန် ကျင်းပတဲ့ နေ့ထူးနေ့မြတ် ပအိုဝ်းအ မျိုးသားနေ့ အခါသမယမှာ ညီနောင်ပအိုဝ်းတိုင်းရင်းသားတွေနဲ့တကွ နိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါ စေကြောင်း ဆုမွန်ကောင်း တောင်းပေးထားပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့ပြီး တောက်ပသော ခေတ်ကာလအနာဂတ်ကို ဖန်တီးပေးခဲ့တဲ့ သူရိယစန္ဒာမင်းရဲ့ ကျေးဇူးတရားကို ဖော်ညွှန်းရန် ထိုမင်းရဲ့ မွေးနေ့ဖြစ်တဲ့ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ တောင်းဆိုခဲ့ကြပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း ပအိုဝ်းအမျိုးသားတို့ရဲ့ နေ့ထူးနေ့မြတ်အဖြစ် စတင်ကျင်းပလာခဲ့တာမှာ ယနေ့ (၇၃) နှစ်တိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေက ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေ ပိုင်ဆိုင်ထားပြီး ဘာသာတရားကို အထူးအလေးထားတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင်တွေက လွတ်လပ်ရေး ကြိုးပမ်း မှုမှာ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပြီး ပင်လုံ စာချုပ် လက်မှတ်ရေးထိုးရာမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူက ပအိုဝ်း တိုင်းရင်းသားတွေ ကိုယ်စား ပါဝင်ရေးထိုးခဲ့ပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်တစ်စုက မတရားသဖြင့် လက်နက်အားကိုးပြီး နိုင်ငံတော်ရဲ့ အာဏာကို သိမ်းယူခဲ့ပြီး တိုင်းရင်းသားပြည်သူတို့ကို ရည် ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်လာခဲ့တာမှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိ လာခဲ့ပြီး နိုင်ငံတဝှမ်းမှာ ဆိုးဝါးသော အခြေအနေများ တွေ့ကြုံခံစားနေကြရပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးမှာ ကျရာတာဝန်တွေ ထမ်းဆောင်ရင်း တက်ကြွစွာပါဝင်အား ဖြည့်လျက်ရှိတဲ့ ပအိုဝ်းတိုင်းရင်းသားတစ်ရပ်လုံးရဲ့ အခန်းကဏ္ဍကို လေးစားဂုဏ်ယူစွာ တန်ဖိုးထားပါကြောင်း ဖော်ပြထားပါ တယ်။

နှစ်ပေါင်းများစွာကြာ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာ ရှင်တွေကြောင့် တိုင်းပြည်က အဖက်ဖက်မှ ယိုးယွင်းပျက်စီးခဲ့ရပြီး တိုင်းရင်းသားပြည်သူတို့ကလည်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေတွင် ဆင်းရဲကြီးစွာ ခံစားခဲ့ရပါတယ်။ ယနေ့အချိန်မှာ စစ်အာဏာရှင်တွေကို အပြီးတိုင် တိုက်ထုတ်ပြီး တိုင်းရင်းသားပြည်သူတွေအတွက် တန်းတူညီမျှခြင်းနဲ့ ဟန်ချက်ညီတဲ့ လူမှုအသိုက်အဝန်းအတွက် အာမခံချက်ရှိ တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်နိုင်ရေး အတူတကွ လက်တွဲညီစွာ ကြိုးပမ်း ဆောင်ရွက်သွား ဖို့ အချိန်အခါကောင်းပင် ဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က သဝဏ် လွှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.