“ပန်းသပိတ်”…

“ပန်းသပိတ်”
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအနေနဲ့ ပန်းသပိတ်ပြုလုပ်ကြမယ်လို့ သိရပါတယ်။
ပန်းသပိတ်မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ ပြည်သူတွေအားလုံးက အဲ့နေ့မှာ ပန်းပန်ကြမယ်၊ လမ်းမထက်မှာ အမျိုးသမီးတွေအားလုံးပန်းပန်ထားကြမယ်၊ အမျိုးသားတွေကလည်း ပန်းတစ်ပွင့်ပန်လို့ဖြစ်စေ၊ ကိုင်လို့ဖြစ်စေ ၊ ရင်ဘတ်ထဲထိုးလို့ဖြစ်စေပါဝင်ကြမယ်လို့ သိထားပါတယ်။
မိတ်ဆွေတို့အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေထဲက တင်ဆက်ပြသဖို့ အဆင်ပြေသော ဓါတ်ပုံ၊ ဗွီဒီယိုများရှိပါက [email protected] သို့ ပေးပို့နိုင်ပါတယ်။ PVTV အနေနဲ့လဲ လက်ခံရရှိသမျှ လှုပ်ရှားမှု မှတ်တမ်းတွေကို တင်ဆက်ပြသသွားနိုင်ဖို့ ကြိုးစားပါ့မယ်။
အာဏာရူးတွေ လက်နက်အားကိုးနဲ့ ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်း သက်သေပြကြပါစို့။
အရေးတော်ပုံအောင်ရမည်။

Like – 14K Share – 1397

Public Voice Television Facebook

Add your reaction

  1. အ​မေ့သားသမီး​တွေအ​မေအတွက်ဆု​တောင်း​ပေး​နေတယ်အ​မေအမြန်ဆုံးလွှတ်ပါ​စေ

  2. ပန်းပန်လို့မရ တဲ့သီလရှင်ဆရာလေးက သူများလာပို့ထားတဲ့ နှင်းဆီကိုင်း‌လေးတွေကိုနှင်းဆီပန်းပွင့်ရင် ဘုရားလှူဘို့ ရည်စူးပြီး စိုက်မှာ
    အမေ “စု”မွေးနေ့ နဲ့ တိုက်တိုက်ဆိုင်ဆိုင်

  3. အမေသက်ရှည်ကျန်းမာပါစေ
    အမေလိုချင်တဲ့ပြည်သူ့ပေးမယ်အာဏာလည်းအမြန်ရပါစေ အမေ

  4. သက်ရှည်ကျန်းမာ ဘေးကင်းစွာဖြင့် လိုရာဆန္ဒများ ပြည့်စုံပါစေ.. အ မေ စု..

  5. အ‌မေ‌မွေး‌နေမှစနှစ်‌တရာတိုင်‌ဒီလိုအဖြစ်‌မျိုးမဆုံစည်းရပါ‌စေနဲ
    ‌ဘေးကင်းကျန်းမာစိတ်‌ချမ်းသာလိုရာအကုန်‌ပြည်‌ပါ‌စေအ‌မေ

  6. ဈေးထဲမှာ ပန်းရှားတယ်။အမေစုမွေးနေ့မို့ အရမ်းရောင်းရသတဲ့။နယ်ကိုပို့ရသတဲ့။ပန်းပွဲစားမလာလို့ ကိုယ်တိုင်ခြံထဲ လိုက်ရသတဲ့။ညနေရုံးအပြန် ပန်းသည်ဆီက ကြားရတာလေး။ပျဉ်းမနား အာဟာရသုခဈေးမှာ။

  7. ပန်းတွေနဲ့ဝေတဲ့အမေ..
    ကျန်းမာပါစေ…မသူတော်များလက်မှအမြန်လွှတ်မြော်ပါစေ

  8. အမေစုကျန်းမာသက်ရှည်ပြိးအမြန်ဆုံးလွတ်မြောက်ပါစေ

  9. အ​မေစုသက်ရှည်ကျမ်းမာပါ​စေ🙏🙏🙏အချုပ်​နှောင်များမှအမြန်ဆုံးပြန်လည်လွတ်​မြောက်ပါ​စေ

  10. အ​မေ ကျန်းမာပါ​စေ
    အသက်​ရှည်​ပါ​စေ
    အချုပ်​အ​နှောင်​မှ အမြန်​ဆုံး လွတ်​​မြောက်​ပါ​စေ

  11. အမေမွေးနေ့မှစသက်ရှည်ကျန်းမာပြီးအချုပ်နှောင်မှအမြန်ဆုံးလွှတ်မြောက်ပါစေ🙏🙏🙏

  12. Happy Birthday par Amay Su
    ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြောင့်ကျန်းမာချမ်းသာစွာဖြင့်အမြန်ဆုံးလွတ်မြောက်ပါစေအမေ

  13. အမေအသက်ရှည်ကျန်းမာစွာဖြင့်အမြန်ဆုံးလွတ်မြောက်ပါစေအမြန်ဆုံးနှလုံးစိတ်ဝမ်းအေးချမ်းပါစေ🙏🙏🙏

  14. အမေအသက်ရှည်၍ကျန်းမာပါစေ
    ချမ်းသာပါစေ ကောင်းကျိုးလိုရာဆန္ဒများ
    နဲ့ပြည့်စုံပါစေ
    ဘေးခပ်သိမ်းရန်ခပ်သိမ်းအပေါင်းမှ
    ကင်းဝေးကာ အခက်အခဲဟူသမျှအား
    လုံးကိုကျော်ဖြတ်နိုင်ပါစေအမေ

  15. တိုင်းပြည်၏မိခင်… .ကျန်းမာစေကြောင်းဆုမွန်တောင်းပါ၏……

  16. ကျန်မားပါစေအမေပါစေဆုတောင်ပေးပါတဲ့ရှင့်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.