ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ စပ်လျဉ်းပြီး ပြည်သူကို အသိပေး

ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ စပ်လျဉ်းပြီး ပြည်သူကို အသိပေး
ဇူလိုင် ၁၁ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် တာနဲ့ စပ်လျဉ်းပြီးတော့ အများပြည်သူကို အသိပေးတင်ပြတဲ့ ကြေညာချက်တစ်စောင်ကို ဇူလိုင် ၉ ရက် ရက်စွဲနဲ့ ထုတ် ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပမှာ ဖြစ်တယ်ဆိုတာနဲ့ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းအတွက် ဩဂုတ် ၃၁ ရက်မှာ အသက် ၁၇ နှစ်ပြည့်ရမှာဖြစ်ပြီး အခြေခံပညာ နဝမတန်း(စနစ်ဟောင်း) တက်ရောက်ဖူးသူ ဖြစ်ရ မယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ပညာရေးဝန်ကြီးဌာနက လက်ရှိအခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျောင်းသားတွေအဆင်ပြေ စေရေးအတွက် အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြစ်တာတွေအတွက် အင်တာနက်ရရှိတဲ့ နေရာဒေသတွေ မှာ အွန်လိုင်း (Online) ကနေ ဖြေဆိုစေတာ၊ အင်တာနက်အခက်အခဲရှိတဲ့ နေရာဒေသတွေမှာ အင်တာနက် မလိုသောနည်းပညာ (Offline Assessment Application) အသုံးပြုပြီး ဖြေဆိုစေတာ၊ နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေး အာမခံချက်ရှိတဲ့ ဒေသတွေမှာ မြေပြင် (On-ground) ဖြေဆိုစေတာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီလိုမျိုး စစ်ဆေးအကဲဖြတ်တာကို ပြုလုပ်ပေမယ့်လည်း အလွတ်ကျက်မှတ်မှုကို အားပေးတဲ့ မေးခွန်းမျိုးတွေ မပြုလုပ်ဘဲ နဲ့ သိရှိနားလည်သဘောပေါက်မှု (Knowledge and Understanding) ၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ အသုံးချနိုင်မှု (Application and Analysis) ၊ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (Creative Problem-solving) တွေကို စစ်ဆေးအကဲဖြတ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် (၂) နာရီ ခွင့်ပြုမှာဖြစ်ပြီး နိုင်ငံတကာစစ်ဆေး အကဲဖြတ်မှုပုံစံတွေအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရတဲ့ ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားတွေ (Objective Type Items) ပါဝင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆေးအကဲဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလနဲ့ ဩဂုတ်လတွေမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ (ပထမအ ကြိမ်မှာ ပါဝင်ဖြေဆိုရန် အခက်အခဲရှိသူတွေအနေနဲ့ ဒုတိယအကြိမ်မှာ ပါဝင်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။)

စစ်ဆေးအကဲဖြတ်မှုရလဒ်တွေထုတ်ပြန်ရာမှာ ဘာသာရပ်တစ်ခုမှာကျရှုံးရုံနဲ့ ဘာသာရပ် အားလုံး ပြန်လည်ဖြေဆိုစေတဲ့ စနစ်ကို ကျင့်သုံးမှာမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စွမ်းရည်အပေါ်အခြေပြုတဲ့ ရလဒ်အဆင့်များ (Grading) ထုတ်ပြန်ပေးမည်ဖြစ်ပြီး မိမိတို့ ဆက်လက် သင်ယူမဲ့အဆင်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့ အစည်းတွေရဲ့ ဝင်ခွင့်သတ်မှတ်ချက်များ အပေါ်မူတည်ပြီး ပြန်လည်ဖြေဆိုရန်လိုအပ်တဲ့ ဘာသာရပ်တွေကိုသာ ထပ်မံ ဖြေဆိုကြရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ စပ်လျဉ်းပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ မိဘပြည်သူတွေ သိရှိထားရမယ့် အချက် အလက်များကို အချိန်မီ ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် တော်လှန်ရေးမှာ ပါဝင်နေသူတွေ၊ မသန်စွမ်းသူတွေ၊ စစ်ဘေးသင့် ပြည်သူတွေအတွက် သင့်လျော်မဲ့ ကြားကာလ ဒါမှမဟုတ် တော်လှ န်ရေးလွန်ကာလမှာ အထူးပညာသင်ကြားရေးနဲ့ စစ်ဆေးအကဲဖြတ် အသိ အမှတ်ပြုရေး အစီအစဉ် တွေကို သီးသန့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

ဒီလိုအချက်တွေကြောင်း ကျောင်းသားတွေအနေနဲ့ ဒသမတန်း(စနစ်ဟောင်း) သင်ခန်းစာတွေကို ကြိုတင်လေ့လာထား ကြဖို့အတွက်လည်း တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.