“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” အနုပညာဖျော်ဖြေတင်ဆက်ပွဲ

“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” အနုပညာဖျော်ဖြေတင်ဆက်ပွဲ
စစ်အာဏာရှင်စနစ်အား အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာ တို့ဖြင့် အဘက်ဘက်မှတော်လှန်ရင်း နွေဦးတော်လှန်ရေး၏အောင်လံကို ပြည်သူ့ထံအပ်နှင်းရန် ရည်သန်လျက် … စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦးမော့လာရေးကို ရည်ရွယ်ပြုလုပ်သော “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” ပညာရေးရန်ပုံငွေ အနုပညာဖျော်ဖြေတင်ဆက်ပွဲအစီအစဉ် (virtual live show) ကို နိုဝင်ဘာလ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန်ည (၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီအနုပညာရှင်များက တော်လှန်ရေးတေးသီချင်းများ၊ ကဗျာများ ၊ ကာတွန်း၊ ပန်းချီ၊ မှတ်တမ်းရုပ်ရှင် နှင့် အခြားသော အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပါသည်။ အနုပညာရှင်များ၏ အမှတ်တရပစ္စည်းများကိုလည်း မေတ္တာလက်ဆောင်အဖြစ် မဲဖောက်ပေးအပ်မည့်အစီအစဉ်လည်း ပါဝင်ပါမည်။
ရရှိလာသောလက်မှတ်ရောင်းရငွေများ၊ အလှူငွေများကို ခက်ခဲသောဒေသပညာရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ CDM ထောက်ပံ့ရေး၊ ဖက်ဒရယ်ပညာရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ်ပါသည်။ ပညာရေးဖြင့် စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ LiVeShow အား မိဘပြည်သူများမှ ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပွဲကျင်းပမည့်နေရာနှင့် ပုံစံတို့ကို ဝယ်ယူသည့် လက်မှတ်တွင် ဖော်ပြသွားမည်ဖြစ်ပြီး လက်မှတ်ရောင်းချမည့် အစီအစဉ်အသေးစိတ် ကို ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။
အရေးတော်ပုံအောင်တော့မည်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.