ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို အမျိုးသားညီညွတ်ရေအစိုးရက ကျင်းပပြုလုပ်

ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို အမျိုးသားညီညွတ်ရေအစိုးရက ကျင်းပပြုလုပ်
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၂

ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို ဒီနေ့မနက် ၁၀ နာရီမှာ အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကြားကာလ ပြည်နယ်/လူမျိုး အတိုင် ပင်ခံကောင်စီကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ အရက်ဖက်အဖွဲ့အစည်း ကိုယ် စားလှယ်များ၊ သပိတ်အင်အားစုကိုယ်စားလှယ်များ၊ CDM ကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားပြီးတော့ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် ကေအိုင်အို အဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါအပြင် သက်ဆိုင်ရာကိုယ်စားလှယ်တွေက သဝဏ်လွှာအသီးသီးကို ဖတ်ကြားခဲ့တာတွေ့ရပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားကို ပြည်တွင်း ပြည်ပဧည်သည်တော်တွေလည်း တက်ရောက်ခဲ့ပြီးတော့ ကမ္ဘာနိုင်ငံအသီးသီးကလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံတွေကတော့ French Republic ၊ Republic of Ireland ၊ Kingdom of Denmark ၊ Kingdom of Sweden ၊
Canada ၊ Federal Republic of Germany ၊ Japan ၊Delegation of the European Union to Myanmar ၊ New Zealand ၊ Republic of Croatia ၊ Kingdom of Norway ၊ Swiss Confederation ၊ United States of America ၊ Republic of Ghana ၊ Republic of Poland ၊ Grand Duchy of Luxembourg ၊ Kingdom of Belgium ၊ Italian Republic ၊ Republic of Belarus ၊ Czech Republic ၊ Republic of Finland ၊ United Kingdom of Great Britain ၊ Northern Ireland ၊Commonwealth of Australia နဲ့
Republic of Korea (South Korea) တို့ ဖြစ်ပြီး ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားကိုစုစုပေါင်း ၂၄ နိုင်ငံ တက်ရောက်လာခဲ့ကြတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.