ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ရောင်းမယ်
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၂
ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ၇၅ နှစ်ပြည်အထိမ်းအမှတ်အဖြစ်နဲ့ အခွန်တံဆိပ်ခေါင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထုတ် ရောင်းမယ်လို့ ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အခွန်တံဆိပ်ခေါင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်တဲ့ http://ird.nug-mm.net မှတဆင့် အသေးစိတ်စုံစမ်းဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခွန်တံဆိပ်ခေါင်းတွေကို ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နဲ့ ၅၀၀၀၀ ကျပ်တန် အဖြစ် စတင်ထုတ်ဝေရောင်းချမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့သက်ဆိုင်တဲ့ တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ ဒါမှမဟုတ် စာချုပ်ချုပ်ဆိုချိန်မှာ တံဆိပ်ခေါင်းတွေကို ကပ်နှိပ်အသုံးပြုသွားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။