ပခုက္ကူမြို့နယ်ထဲက ရှားဒူကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး
ဇူလိုင် ၈ ၊ ၂၀၂၂
ပခုက္ကူမြို့နယ်ထဲက ရှားဒူကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာထဲဝင်ပြီး မီးရှို့ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ မနက် ၈ နာရီကတည်းက မီးရှို့ဖျက်ဆီးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အိမ်ခြေ ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီး လိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အကြမ်းဖက်စစ်တပ်က မီးရှို့တာအပြင် သေနတ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံရွာသား တွေ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။