နွေဦးထီကို ပိုမိုလွယ်ကူတဲ့ ထီဝယ်ယူမှုစနစ်နဲ့ လုပ်ဆောင်သွားမယ်

နွေဦးထီကို ပိုမိုလွယ်ကူတဲ့ ထီဝယ်ယူမှုစနစ်နဲ့ လုပ်ဆောင်သွားမယ်
မတ် ၁၂ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက လုပ်ဆောင်တဲ့ နွေဦးထီကို မိဘပြည်သူတွေ ပိုမိုလွယ်ကူတဲ့ ထီဝယ်ယူမှုစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ အဲဒီစနစ်ကို မကြာမီအချိန် မှာ မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီအနေနဲ့ ပြည်သူဘက်ကနေရပ်တည်ပြီးတော့ CDM ဝန်ထမ်းတွေကို ချီးမြှင့်နိုင်ဖို့နဲ့ ပြည် သူလူထုကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ ထီဖွင့်ရက်ပေါင်း ၉၂ ရက်အတွင်းမှာ ထီလက်မှတ်ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ချီးမြှင့်ပေးခဲ့ပြီးတော့ အခုချိန်မှာ CDM ဝန်ထမ်းဦးရေရဲ့ ၇၃၆၆ ဦးကို ချီးမြှင့်နိုင်ခဲ့တယ်လို့ ဆိုထား ပါတယ်။

ပြည်သူလူထုအနေနဲ့ နွေဦးထီကနေ CDM တွေကို ထောက်ပံ့လို့ရသလို အခြား CDM ထောက်ပံ့အဖွဲ့အစည်းတွေ ကနေပြီးတော့လည်း CDM တွေကို ချီးမြှင့်ထောက်ပံ့ကူညီပေးကြဖို့အတွက် မေတ္တာရပ်ခံတိုက်တွန်းထားတာတွေ့ ရပါတယ်။

အဲဒီလို အခြေအနေတွေအတွက် CDM တွေကို ပိုမိုကူညီထောက်ပံ့နိုင်ရေး ရည်ရွယ်ပြီး ပိုမိုလွယ်ကူတဲ့ ထီဝယ်ယူ စနစ်ကို မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ နွေဦးထီအနေနဲ့ ပြည်တော်ဝင်တဲ့အ ထိ CDM ဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့အတူ အမြဲရှိနေမယ်လို့ နွေဦးထီ မိသားစုက ပြောကြားထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။




Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.