နွေဦးတော်လှန်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံရဲ့ Park Jong-cheol လူ့အခွင့်အရေးဆု ချီးမြှင့်
ဇွန် ၂၇ ၊ ၂၀၂၂
နွေဦးတော်လှန်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံရဲ့ ၁၈ ကြိမ် မြောက် Park Jong-cheol လူ့အခွင့်အရေးဆုကို ချီးမြှင့်လိုက်တယ်လို့ ဆုအကဲဖြတ်ကော်မတီက ဒီနေ့မှာသတင်းထုတ် ပြန်လိုက်ပါတယ်။
ဒီနှစ်အတွက် ချီးမြှင့်တဲ့ Park Jong -cheol လူ့အခွင့်အရေးဆုက စည်း လုံးညီညွတ်မှုအတွက် ပေးအပ်တဲ့ ဆုဖြစ်ပြီးတော့ ပြင်းထန်တဲ့ တော်လှ န်ရေးကို ဆင်နွဲရင်း ဒုက္ခဆိုးတွေနဲ့ ခါးသီးတဲ့ အခြေအနေတွေကနေ လွ တ်မြောက်နိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံအနေနဲ့ အချင်းချင်းအင်အားဝေမျှရင်း ကူညီသွားမယ်ဆိုတဲ့ ကတိပြုအဓိပ္ပာယ်ဖြစ်တယ်လို့ ဆိုထား ပါတယ်။
ဆုချီးမြှင့်ပွဲကို ဇွန် ၂၉ ရက်မှာ ပြုလုပ်မှာဖြစ်ပြီးတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပြုလုပ် မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် Park Jong -cheol လူ့အခွင့်အရေးဆုကို ဒီမိုကရေစီအရေးအတွက် အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင် နေကြရတဲ့ မြန်မာပြည်သူတွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။