နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာတာနဲ့အမျှ တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှား တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လုပ်ဖြန့်ချိနေတယ်လို့ အမျိုးသားညီညတ်ရေးအစိုးရ ကြေညာ

နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာတာနဲ့အမျှ တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှား တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လုပ်ဖြန့်ချိနေတယ်လို့ အမျိုးသားညီညတ်ရေးအစိုးရ ကြေညာ
ဇွန် ၃၀ ၊ ၂၀၂၂

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားညီနောင်မဟာမိတ်တွေရဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်ရလာတာနဲ့အမျှ တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှား တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လုပ်ဖြန့်ချိနေတယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်အချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားကြောင်းကို အစည်း အဝေးဆုံးဖြတ်ချက်နဲ့တကွ လုပ်ငန်းစဉ်တွေပါ ချမှတ်ထားသယောင် လုပ်ကြံဖန်တီးပြီး ဖြန့်ချိနေတဲ့ သတင်းမှားတစ်ခုလည်း ပါဝင်နေတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို သတင်းမှားကို ယခုအကြိမ်မှာသာမက လွန်ခဲ့သော (၈)လ ခန့်ကလည်း ပုံစံတူ သတင်းမှားတစ်ခုကို လူပုဂ္ဂိုလ်အချို့က လုပ်ကြံဖန်တီးကာ နိုင်ငံတကာအဝန်းအဝိုင်းကို ပေးပို့ခဲ့ဖူးတဲ့ သာဓကတစ်ခုလည်း ရှိခဲ့ဖူးတယ်လို့ ထောက်ပြထားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူ့အဖွဲ့အစည်းကို အကြောက်တရားနဲ့ မလုံခြုံမှုတွေဖြစ်စေတဲ့ အကြမ်းဖက်စစ် အာဏာရှင်ခေါင်းဆောင်တွေကိုသာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်တယ်ုလို့ သတ် မှတ်ထားပြီး အမြစ်ပြတ်တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လေးစားတန်ဖိုးထားပြီး ကြိုးစား ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပုံပျက်စေရန် လုပ်ကြံဖန်တီး ဖြန့်ချိနေတဲ့ သတင်းမှားမှာ ပါဝင်တဲ့ လုပ်ရပ်မျိုးကို အမျိုးသားညီညွတ်ရေး အစိုးရ စွဲကိုင်ဆောင်ရွက်လျက်ရှိတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုနည်းနဲ့မှ လုပ်ကိုင်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါအပြင် နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လက်မခံဘဲ အဓမ္မနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ လုပ်ရပ်တွေကို ဘယ် လိုအဖွဲ့အစည်းတွေက ကျူးလွန်တာပဲဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်တဲ့သူ တွေကို တရားဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.