နွေဦးတော်လှန်ရေးမှာ အကျဉ်းကျခံခဲ့ရသူတွေကို ထောင်ဝင်စာပို့ဖို့အတွက် လစဉ်တလ ငါးထောင်ထည့်ဝင်ထောက်ပံ့နေ တဲ့ အစီအစသ်

နွေဦးတော်လှန်ရေးမှာ အကျဉ်းကျခံခဲ့ရသူတွေကို ထောင်ဝင်စာပို့ဖို့အတွက် လစဉ်တလ ငါးထောင်ထည့်ဝင်ထောက်ပံ့နေ တဲ့ အစီအစသ်
ဇူလိုင် ၂ ၊ ၂၀၂၂

နွေဦးတော်လှန်ရေးမှာ အကျဉ်းကျခံခဲ့ရသူတွေကို ထောင်ဝင်စာပို့ဖို့အတွက်နဲ့ အပြင်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့အတွက် လစဉ်တလ ငါးထောင်ကျပ် ထည့်ဝင်ပြီးတော့ ထောက်ပံ့ပေးနေတဲ့ အစီအစဉ်ကို Eat My Heart ဖေ့စ်ဘွတ်ခ်ပေ့ချ်က ပြုလုပ်ပေးနေပါတယ်။

‘နွေဦး/ နိုင်ကျဉ်းမိသားစုဝင်များအတွက် ဂျူလိုင်လ အိမ်လစာ ၊ အ ဆောင်လစာများကို စတင်ပေးအပ်နေပါပြီ။ အဆောင် လစာ၊အိမ်လစာ တက်ခဲ့ရင်လည်း အားမနာတမ်း ပြောလို့ရပါတယ်။ အဆောင်ပိုင်ရှင် ၊အိမ်ပိုင်ရှင်များအနေနဲ့လည်း လစာတွေတိုးပြီး မယူဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ တစ်လ၅ထောင် ထည့်ဝင်လှူဒါန်းကြတဲ့ EatMyHeart မိသားစုဝင်များကို ကျေးဇူးအထူးတင်ပါတယ်။’ လို့ ရေးသားထားပါတယ်။

တလ မြန်မာကျပ်ငွေ ငါးထောင်ထည့်ဝင်ပြီးတော့ နွေဦးတော်လှန်ရေးမှာ အကျဉ်းကျခံရသူတွေနဲ့ အကျဉ်းကျခံရသူတွေရဲ့ အဆင်မပြေတဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးချင်တယ်ဆိုရင် Eat My Heart ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ဖြစ်တဲ့ https://www.facebook.com/Eat-My-Heart-112112121349132/ မှာဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.