နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်ပြည်သူအားလုံးကို ဦးညွတ်ဂုဏ်ပြု ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ သဝဏ်လွှာပေးပို့

နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်ပြည်သူအားလုံးကို ဦးညွတ်ဂုဏ်ပြု ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ သဝဏ်လွှာပေးပို့
ဖေဖော်ဝါရီ ၁၆ ၊ ၂၀၂၂

ဒီနေ့ကျရောက်တဲ့ မွန်အမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ရာမှာ နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်ပြည်သူတွေ၊ မွန်လူငယ်တွေ၊ မွန်အမျိုးသမီးတွေ၊ မွန်ကျောင်းသားတွေကို အထူးပင် ဦးညွတ်ဂုဏ်ပြုတယ်လို့ဖော်ပြထားပါတယ်။

ဒါအပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်ရေး အတွက် နှစ်ပေါင်း ၇၀ ကျော်အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်လူမျိုးတွေကို ဦးညွှတ်ဂုဏ် ပြုကြောင်းလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ယခုအချိန်မှာ အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားတွေ အပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်း လမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်လို့ ဆိုပါတယ်။

မွန်အမျိုးသားနိုင်ငံရေးအင်အားစုတွေက အခြားသောတိုင်းရင်းသား ပြည်သူတွေနဲ့အတူ တစ်စိတ်တစ်ဝမ်း တည်းနဲ့ စစ်အာဏာရှင်စနစ်အောက်က ပြည်သူ့ဘဝ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးဦး တည်ချက်တွေ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်နေတယ် လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

မွန်အမျိုးသားတွေက ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားတဲ့ရပ်တည်မှုတွေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ခေတ်အဆက်ဆက်မှည ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက (၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.