နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် Silent Strike Day တွင် PVTV မှ ထုတ်လွှင့်ပြသသွားမည့် အစီအစဉ်များ
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အစိုးရထံကနေ ပြည်သူ့အာဏာကို လက်နက်ပြခြိမ်းခြောက် လုယူခဲ့လို့ ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး တစ်နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့မှာ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အကျယ်လောင်ဆုံးဟစ်ကြွေးသံကို မြည်ဟည်းစေဖို့ တိတ်ဆိတ်ခြင်းသပိတ်(Silent Strike) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ကြမှာဖြစ်တာကြောင့် အိမ်ထဲမှာနေရင်း နွေဦးတော်လှန်ရေးတစ်နှစ်တာကာလကို ပြန်ပြောင်းသတိရ၊ မပြီးဆုံးသေးသော အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲအတွက် အားမွေးနိုင်ကြဖို့ တစ်နေ့တာ အစီအစဉ်တွေကို PVTV နဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းစီစဉ်ထုတ်လွှင့်ပေးလိုက်ပါတယ်။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။
#SpringRevolution
#PVTV
#OneYear
#SilentStrike