နွေဦးတော်လှန်ရေးကာလ ပြည်သူလူထုရဲ့ နာကျင်ခံစားရသမျှတွေကို ရင်ဖွင့်နိုင်သလို ဝေဝေဝ…


နွေဦးတော်လှန်ရေးကာလ ပြည်သူလူထုရဲ့ နာကျင်ခံစားရသမျှတွေကို ရင်ဖွင့်နိုင်သလို ဝေဝေဝါးဝါးဖြစ်နေတဲ့ ဒွိဟစိတ်တွေကို တတ်နိုင်သမျှမေးမြန်းရှင်းပြပေးမှာကြောင့် နားစွင့်ထားကြသင့်ပြီး အားလုံးအတူတကွ တူညီသော ပန်းတိုင်တစ်ခုဆီ ရွက်လွှက်ကြဖို့ ရည်ရွယ်တဲ့ “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်ကြမယ်” ဆိုတဲ့ အစီအစဉ်ကို ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက စီစဉ်တင်ဆက်ပေးထားပါတယ်။ ယခုအစီအစဉ်ကို PVTV က အပတ်စဉ် စနေနေညတိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
PVTV လူမှုကွန်ယက်စာမျက်နှာ https://facebook.com/pvtvmyanmar ရဲ့ Message Box မှာ ရင်ဖွင့်နိုင်သလို သိရှိလိုသည်များကိုလည်း မေးမြန်းနိုင်ပါတယ်။ ပြည်သူလူထုရဲ့ ခံစားမှုစာလွှာတွေထဲက အချို့ကို ဒေါင်းက ခံစားဖတ်ရှုပေးသွားမှာဖြစ်ပြီး မေးခွန်းတွေကိုလဲ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး တတ်နိုင်သမျှ ရှင်းလင်းဖြေကြားပေးသွားမှာဖြစ်လို့ မပြတ်နားစွင့်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
ရင်ဖွင့် … နားစွင့်ရင်း ပန်းတိုင်ဆီ အတူတူ ရွက်လွှင့်ကြပါစို့။
အရေးတော်ပုံ အောင်ရမည်။
PVTV ၏ Youtube Channel ဖြစ်သော www.youtube.com/c/pvtvmyanmar ကိုလဲ Subscribe လုပ်ထားကြဖို့ မေတ္တာရပ်ခံပါတယ်။

Like – 36K Share – 5945

Public Voice Television Facebook

Add your reaction

  1. ကိုဒေါင်းရယ် လွမ်းနေခဲ့တာ
    အခုလိုလေး တွေ့ရတော့ ၀မ်းသာမိတယ် 🧡

  2. NUG ရဲ့ခြေလှမ်းတွေကို နှေးနေတယ်လို့မြင်တယ် အဓိက စစ်ရေးပိုင်းမှာပါ၊ ပြည်သူတွေက အသေခံပြီးတိုက်ပေးနေတယ် မြို့ပြတိုက်ပွဲတွေကို အသက်တွေပေးပြီး တူမီးနဲ့ ပြန်တိုက်နေကြတယ်၊ စကစ ကိုစစ်ရေးကလွဲပြီး နိုင်ငံရေးနည်းနဲ့‌ဖြုတ်ချလို့မရတာ အားလုံးနီးပါး နားလည်လာကြတဲ့အချိန်မှာ NUG ဟာစစ်ရေးကိုပိုပြီး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့မြင်တယ်၊ နိုင်ငံရေးအရ ပြည်ပနိုင်ငံတွေက NUG ကိုတရားဝင်အစိုးရလို့အသိမှတ်ပြုပေးရင်တောင် စကစ ကိုဖြုတ်မချနိုင်ရင် NUGဟာ စစ်သေနဃမဟာဗျူဟာလေ့လာရေးက သိန်းထွန်းဦး ပြောသလို စာတွေသာထုပ်နေတဲ့ အစိုးရဖြစ်လိမ့်မည်။နောက်လာမယ့် အစီစဉ်တွေမှာ NUG ရဲ့ဖွဲ့စည်းထားတဲ့ စစ်တိုင်းဒေသတွေနဲ့အတူ စကစ ကိုစစ်ရေးအရ NUG ရဲ့ရှေ့ခြေလှမ်းတွေကို ဆွေးနွေးပေးလို့ရရင် ဆွေးနွေးပေးစေခြင်ပါတယ်၊ကျေးဇူးပါ။

  3. ရင်ဖွင့်မယ်
    နားစွင့်မယ်
    ပန်းတိုင်ရောက်အောင်
    အားလုံးစုပေါင်းပြီး
    ရွက်လွှင့်ကြမယ်
    အနာဂါတ်တိုင်းပြည်ကြီး
    သာယာလှပ ဘို့

    အရေးတော်ပုံ အောင်ရမည်

  4. Theint Theint ဒါမျိုးကျ စောစော စီးစီး တွေ့ရဲ့သားနဲ့ mention မခေါ်ဘူးနော် ခများက စိတ်ဓါတ်ဖဲ

  5. ခွန်အားတွေ ရပါတယ်
    အမြဲတမ်းလေးစားခဲ့ရတဲ့ ၈၈ မျိုးဆက် ကိုမင်းကိုနိုင် နဲ့ မောင်လေးဒေါင်း တို့
    ကျန်းမာကြပါစေ မကြာမကြာ ပြည်သူတွေနဲ့ ထိတွေ့ပေးပါ
    ကျေးဇူးတင်ပါတယ်

  6. ဦးပေါ်ရော ကိုဒေါင်းရော ကျန်းမာကြပါစေရှင့်။
    ပြည်သူနဲ့ ထိတွေ့ပေးလို့ ကျေးဇူးတင်ရပါတယ်။💖

  7. ကိုမင်းကိုနိုင် မျက်နှာ အမ်းနေတယ်။ နေကောင်းတဲ့ပုံ မပေါ်ဘူး။ လူကောင်းသူကောင်းတွေ တန်ဖိုးမရှိတဲ့တိုင်းပြည်မှာ ငါတို့ကြီးပြင်းရတယ်😔

  8. ဒီ​နေ့ပဲ ဒေါင်းကိုသတိရနေတာ ​​ေနကောင်းစွာဖြင့် တွေ့ရတော့ ဝမ်းသာမိ အရေးတော်ပုံ အောင်ရမည်

  9. တရားသူကြီးဆိုသူတွေ မြင်နိုင် သိနိုင် ကြားသိနိုင်ပြီး အမြင်မှန် ရစေချင်ပါသည်။

  10. ကိုယ်စားပြောချင်တာကိုပြောပေးနေတဲ့ကိုမင်းကိုနိုင်
    ကိုကျေးဇူးပါလို့ ပဲပြောပါရစေ။

  11. တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပန်းတိုင်တူကြမယ်ဆိုရင် ဒီတိုက်ပွဲ မအောင်မြင်စရာမရှိဘူး

  12. ကိုဒေါင်းရေ CDM ဝန်ထမ်းတွေကို နည်းနည်းတော့ ကြည့်ပေးပါဗျာ တကယ်ခက်ခဲတ့ဲလူတွေက အခက်အခဲကြားက ကျားကန်ထားရတာပါ

  13. ပန်းတိုင်ဆီသို့ အတူတူ ရွက်လွှင့်ကြပါ စို့။
    အရေးတော်ပုံ အေါင်ရမည်။💪💪💪🤝👍👍👍

  14. နာမည်တွေကိုကြားရတာ အားနာတယ်ဗျာ တရားရုံးလား မတရားရုံးလားဆိုတာ ကမ္ဘာကသိနေကြပြီ ခေါင်ဆောင်မှန်ရင် ရင်ဆိုင်ရဲတယ် ပညာနဲ့ပဲ စစ်အာဏာရှင်းတွေရဲ့ အဆုးံဇာတ်လမ်းတွေက သနားစရာပါ

  15. အရေးကြီး အရေး ပါ တဲ့ အရာတွေထဲမှာ
    ဒီလို အစီအစဉ် တင်ဆက်မှုတွေအများကြီးလိုအပ်ပါတယ် တခြားတခြား အနုပညာ ရှင်တွေ ရှိသေးတာကို စဥ်ဆက်မပြတ် ထုတ်လွှင့်ပေးပါလို့ တောင်းဆိုပါရစေ ခင်ဗျာ

  16. ခုလို အစီအစဉ်လေး အမြဲမျှော်လင့်နေပါတယ်ရှင့်

  17. ချစ်တယ် လေးစားတယ် ချမ်းတို့အတွက် အားဆေးပါဘဲ ပြည်သူတွေအတွက် တကယ်အလုပ်လုပ်ပေးလို ကျေးဇူးတင်ပါတယ် ဘေးကင်ပြီး ပြည်သူအကျိုး အဆုံးတိုင်းသယ်ပိုးနိုင်ပါစေ

  18. ကျမကတော့*ဟိုသီချင်းလေး*သွေးချင်းညီအစ်ကိုများ စည်းလုံးချင်းအတွက်အင်အား*

  19. မကြာမီ ဆိုတဲ့ အချိန်ကို
    အနီးစပ်ဆုံး အချိန်နဲ့ သိချင်ပါတယ်

    ( တပတ် တလ. နှစ်လ)

  20. ကိုဒေါင်းရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးတွေကို သဘောကျလိုက်တာ😁
    ကိုမင်းကိုနိုင်ရဲ့pageမှာကျ အပြောင်တွေ မမန့်ရဲလို့😁PVTVမှာ လာပြောရတာ

  21. စစ်နဲ့၇ဲ လူစိတ်
    မ၇ှိတာထက်
    တ၇ားေ၇း ဌာနက
    တ၇ားသူကြီးတွေ
    ဖမ်းစီးခံပြည်သူ တွေကို မတ၇ားစီ၇င်
    နေတာ တွေ
    နာကြည်းလှပြီ

    အေ၇း တော်ပုံ
    အောင်ပြီး၇င်
    ဒီ မ တ ၇ားေ၇း
    ဌာနက လူတွေ
    မအလနဲ့ ထည့်ပေးလိုက်ကြပါ

  22. ကျွန်မတို့ကတော့ ကိုမင်းကိုနိုင်ကို ပြည်သူတွေနဲ့အမြဲထိတွေ့စေချင်တယ် ပြည်သူတွေအားရှိအောင်လို့ ကိုမင်းကိုနိုင် ကျန်းမာပါစေရှင့်

  23. ရင်ဖွင့် နားစွင့် ပန်းတိုင် ဆီ အတူတူ ရွတ်လွှင့် သွားကြမယ်

  24. ကလေးတွေပညာရေးအတွက်လည်းစိတ်ပူပါတယ်
    Online learning ကောင်းပေမဲ့ အင်တာနက်မရတဲ့နေရာ
    မီးပျက်တဲ့အခါ sim internet. သုံးတဲ့အခါ bill.အတွက် စိတ်ပူရ
    အကြောင်းအမျိုးမျိုးပေါ့လေ ။
    အားလုံးfree wifiလေးပေးနိုင်ရင်တော့အဆင်ပြေတာပေါ့

  25. အမေရိကန်မှာ ဘာလူမျိုးဘဲဖြစ်ဖြစ် အမေရိကန်နိုင်ငဲသားခံယူရပြီးတဲ့ကလေးတွေကို I am American လို့ပြောတဲ့အစီအစဥ်တစ်ခုကြည့်ခဲ့ရဘူးပါတယ်။၊ကိုယ်တို့ကလေးငယ်တွေကိုလည်းအဲဒီလိုပြောတဲ့အစီအစဥ်လေးဖြစ်စေချင်ပါတယ်။၊ ဒါပေမဲ့အကျိုးအပြစ်ကိုအပြန်ပြန်အလှန်လှန်ဆွေးနွေးပြီးမှလုပ်ပါ။၊”ငါဟာမြန်မာနိုင်ငံသားတစ်ယောက်ပါ။၊”

  26. နိုင်ငံ ကို ပြန်ပေးဆွဲတာ ပါ .. နိုင်ငံ ကို အညွှတ် ချိုးတာပါ .. နိုင်ငံ ကို မွဲသထက် မွဲအောင် ပြည်သူတွေ လူညွှတ်တုန်း အောင်လုပ်တာပါ

  27. ဘဲကြီးရော..ဘဲလေးရော ချစ်တယ်ကွာ(အစ်ကို့ကိုမရိုသေလို့ ဘဲကြီးလို့ခေါ်လိုက်တာ မဟုတ်ပါဘူး၊ချစ်လွန်းလို့ခေါ်လိုက်တာပါ)

  28. ကိုမင်းကိုနိုင်အပါအဝင်အားလုံးကိုပြောချင်ပါသည်၊ပြည်ပရောက်ပြည်သူပြည်သားအပါအဝင်မြန်မာပြည်ဖွားဆိုင်ရာနိုင်ငံသူသား(ပြည်သူပြည်သား(မြန်မာ)မဟုတ်တော့သူများ)များစွာပါဝင်ကူညီလုပ်ကိုင်နေကြပါသည်၊ပြည်ပဖိအားရရှိရေးတွင်၊သက်ဆိုင်ရာနိုင်ငံတိုင်းတွင်အဲ့ဒီနိုင်ငံသူသားခံယူထားသူများနှင့်၎င်းမှဆင်းတက်ပေါက်ဖွားလာသောသားသမီးတူမြေးမြစ်များလည်းပါဝင်ပြီးသူတို့သည်ထိုနိုင်ငံ၏ဥပဒေ၊အပြည်ပြည်ဆိုင်ရာဥပဒေ၊UN’s ဥပဒေများပိုမိုသိရှိလုပ်ကိုင်နိုင်သူသားများဖြစ်ပြီး၊ပြည်ပဖိအားနှင့်ငွေ
    ကြေးရရှိနိုင်အောင်ပိုမိုစွမ်းဆောင်နိုင်ခဲ့သည်၊ဆက်လက်၍လည်းလုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်၍သူတို့တွေပါဝင်တဲ့စကားလုံးကို သုံးနှုန်းပေးပါရန်အကြံပြုပါရ
    စေခင်ဗျာ။
    (အကြိမ်ကြိမ်အပြန်အလှန်စဉ်းစားပြီးရေးတင်လိုက်ပါသည်၊အမှားဖြစ်သွားလျင်နားလည်ပေးပါရန်)

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.