နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၀၉၉ ဦးအထိရှိနေလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)က စာရင်းထုတ်ပြန်
ဇူလိုင် ၂၁ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ ဇူလိုင် ၂၀ ရက်နေ့ အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၂၀၉၉ ဦးအထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။
အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ စာရင်းမှာ ရှမ်းပြည်နယ် တန့်ယန်းမြို့ နယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ တနင်္သာရီတိုင်း ပုလောမြို့နယ်၊ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တို့မှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူ ၇ ဦးရဲ့ အချက်အလက်တွေ ကိုထည့်သွင်းထားတာဖြစ်ပြီးတော့ လက်ရှိထုတ် ပြန်ထားတဲ့ အရေအတွက်က AAPP က ကောက်ယူ ရရှိထားတဲ့ အရေ အတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူတွေက လက်ရှိအရေအ တွက်ထက်ပိုနိုင် တယ်ဆိုပြီး တော့လည်း ဖော်ပြထားတာတွေ့ ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၇၄၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၃၄၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ တာလည်းဖြစ် ပါတယ်။
ပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါ အဝင် (၇၆) ဦးက သေဒဏ်ချမှတ်ခံထား ရတာပါ။ ယင်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦးရှိထားတယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ် အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲ ဆိုခြင်းခံထား ရတာတွေနဲ့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။
ကျဆုံးအချက်အလက်တွေအတွက်ဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီး အချက်အလက်တွေဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစု ထားချက်အရ အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်း ဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။