နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၀၅၇ ဦးအထိ ရှိနေပြီလို့ AAPP က စာရင်းထုတ်ပြန်
ဇူလိုင် ၅ ၊ ၂၀၂၂
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ ဇူလိုင် ၄ ရက်အထိ စာရင်းတွေအရ ကျဆုံးခဲ့ရသူ ၂၀၅၇ ဦးအထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်လိုက်ပါတယ်။
အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ စာရင်းမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ်တို့ရဲ့ အပြစ်မဲ့ပြည်သူ ၄ ဦးရဲ့ အချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်ပြီးတော့ လက်ရှိထုတ် ပြန်ထားတဲ့ အရေအတွက်က AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူတွေက လက်ရှိအရေအတွက်ထက်ပိုနိုင်တယ်ဆိုပြီးတော့လည်း ဖော်ပြထားတာတွေ့ ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၃၉၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၂၁၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ တာလည်းဖြစ် ပါတယ်။
ပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၇၄) ဦးက သေဒဏ်ချမှတ်ခံထား ရတာပါ။ ဒါအပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၉) ဦးရဲ့ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ယင်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခ ံထားရတယ်လို့ ဆိုပါတယ်။
သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ် အသီးသီးက မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို ခြင်းခံထားရတာတွေနဲ့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ဆက်သွယ်ဖို့လည်း ဖော်ပြထားပါတယ်။
ကျဆုံးအချက်အလက်တွေအတွက်ဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်တွေဆိုရင် [email protected] အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၇၀) ခုထက်မနည်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။