နွေဦးတော်လှန်ငွေတိုက်စာချုပ်ဝယ်ယူရန် ပြည်သူသို့ အသိပေးကြေညာခြင်း
ဒီဇင်ဘာလ ၁၁၊၂၀၂၁
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ငွေတိုက်စာချုပ်ဝယ်ယူရမှာ ပုံစံ (က) ဖြည့်သွင်းပြီး Order ID ရယူထားပြီးသူများ အနေနဲ့ ချက်သမ္မတနိုင်ငံဘဏ်သို့ ငွေ လွှဲပြောင်းပေးသွင်းခြင်းကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
အဲဒီလို ပုံစံ (က) ရယူပြီးနောက် ငွေလွှဲပြီးသူများအနေနဲ့ ပုံစံ (ခ) ကို ဆက်လက် ဖြည့်သွင်းနိုင်ပြီး ပုံစံ (ခ) ဖြည့်သွင်းပြီးသူတွေကို ငွေတိုက်စာချုပ် ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ဝယ်ယူဖို့ Order ID မရှိသေးသူတွေအတွက် မကြာခင်ရက်ပိုင်းအတွင်း Order ID အသစ်များ ရယူနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ NUG က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews