နော်ဝေနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ် ဝယ်ယူနိုင်မယ် ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်
မတ် ၁၄ ၊ ၂၀၂၂
နော်ဝေနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်တွေ ဝယ်ယူနိုင်မယ့် ကိုယ်စားလှယ်စာရင်းကို စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ အခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံအလိုက် ငွေတိုက်စာချုပ်ဝယ်ယူနိုင်မယ့် ကိုယ်စားလှယ်တွေကို ထုတ်ပြန်လျက်ရှိရမှာ ဒီတစ်ခါမှာတော့ နော်ဝေနိုင်ငံက ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ပေးလိုက်တာပါ။
နော်ဝေနိုင်ငံမှာ ဆက်သွယ်ဝယ်ယူနိုင်တဲ့ကိုယ်စားလှယ်က AL001 Wut Hmon Win/ CRP,NUG Support Group, Email: Norway [email protected] ၊ Email: [email protected] ၊website : https://www.crphsupportgroup.no ၊ https://www.facebook.com/crphsupportgroupnorway ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိဖော်ပြထားတာက ကြေညာရန်သဘောတူထားတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်ဖြစ်ပြီးတော့ လုံခြုံရေး အရ social media မှာကြေညာရန် အခက်အခဲရှိတဲ့ ငွေတိုက်စာချုပ်ကိုယ်စားလှယ်တွေလည်း အများကြီး ရှိသေးတယ်လို့ ဆိုထားပါတယ်။
အထက်ပါစာရင်းမှာ မပါဝင်ပေမယ့် မိမိတို့ကိုယ်တိုင် စိတ်ချယုံကြည်ရတဲ့ ငွေတိုက်စာချုပ်ကို ယ်စားလှယ်တွေထံကလည်း ချိတ်ဆက်ဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ လက်ရှိအချိန်အထိ ရောက်ရှိခဲ့တဲ့ တော်လှန်ရေးခရီးရဲ့ အဓိက မောင်းနှင်အားဟာ ပြည်သူတွေသာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတစ်ရက်ပိုကြာတိုင်း အချိန်နဲ့အမျှ ပိုမိုထိခိုက်သေကြေပျက်စီးရတဲ့ မိမိတို့လို ပြည်သူတွေ အများကြီးရှိနေတာကိုလည်း နေ့စဉ်နဲ့အမျှ ရင်နင့်ဖွယ် မြင်တွေ့သိရှိနေရတယ်ဆိုတာနဲ့ ပြည်သူများအချင်းချင်း ကာကွယ်စောင့်ရှောက်ဖို့၊ ကလေးငယ်ပေါင်းများစွာ လူငယ်သားကောင်းများစွာ မိဘဘိုးဘွားပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ဖို့အတွက် ငွေတိုက်စာ ချုပ်တွေ ဝယ်ကြဖို့အတွက် တိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။