“နောက်ဆုံးကောက်ရိုးတမျှင်”

“နောက်ဆုံးကောက်ရိုးတမျှင်”
မင်းကိုနိုင်၊ နေဘုန်းလတ်

NPL – အကိုရေ။ မင်္ဂလာပါဗျ။ ဆိုင်းမဆင့် ဗုံမဆင့် အကို့ကိုခေါ်ပြီးတော့ နိုင်ငံရေး အပြောင်းအလဲတွေရှိလာတော့ မေးချင် တာလေးတွေ ရှိလာလို့ပါ။ အကိုအားရော အားရဲ့လား။

MKM – ရပါတယ်ဗျာ။ ကျနော်တို့ လိုရင်း လေးတွေ ပြောလိုက်ကြတာပေါ့။

NPL – ဟုတ်ကဲ့။ တခွန်း နှစ်ခွန်းပါပဲ။ ကျနော်လဲ ခေါင်းထဲမှာ ရှိတာလေးတွေ မေးချင်တာပေါ့။ အခု ဒါဘာပဲပြောပြော နှစ်သစ်ပေါ့။ နှစ်သစ် ဆိုပေမယ့် ဟက်ပီးနယူးရီးယားတော့မဖြစ်ဘူးလေ။ စစ်ကောင်စီက နှစ်သစ်ကူးလဲမရှောင်၊ နှစ်ဆန်း တရက် နေ့လည်းမရှောင် မြို့ရော ရွာတွေမှာရော လူထုကို ပစ်ခတ်သတ်ဖြတ်တာတွေလည်း ကျနော်တို့တွေ့နေရတယ်။
တဖက်က ကြည့်ပြန်တော့လည်း ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းတို့၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့ ကိစ္စတို့၊ ဒါမျိုးတွေ တွေ့ရ ကြားရတော့ NUG ဘက်က ပြောတဲ့စကားတွေက အားတက်ဖို့ကောင်းတယ်။ အဲဒီမှာ ဟိုနေ့က ဇော်မဲလုံးရဲ့ အင်တာဗျူးတခု နားထောင် လိုက်ရတယ်။။ အဲဒီအထဲမှာ သူတို့ဘက်က အသံတော်တော့်ကို လေသံပျော့လာတယ်ပေါ့အကိုရာ။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ PDFတွေရော LDFတွေရော ခုခံတော်လှန်တွန်းလှန်စစ်တွေ လုပ်လာမယ် လို့ မထင်ထားဘူး၊ ဘာညာပြောလာတာပေါ့အကိုရယ်။ ဒါပေမယ့် ကျနော်နားလည်သလောက်တော့ ခုခံတော်လှန် တွန်းလှန်စစ်က တချို့တွေဆိုရင် အခု ချိန် ထိ သေချာပြင်ဆင်နေတုန်းအဆင့်ပေါ့။ တိုက်တောင် မတိုက်သေးဘဲနဲ့ သေချာပြင်ဆင် နေတဲ့ဟာတွေ အများကြီးလို့ ကျနော်ကတော့ နားလည်ထားတယ်။ အဲဒီဟာတွေ အကုန်လုံးသာ ထပြီးတော့ တိုက်လိုက်ရင် ဇော် မဲလုံး လေသံ အခုလိုတောင် ပျော့ပျော့ မဟုတ်တော့ဘဲ၊ အသံထွက်တောင် ထွက်နိုင်ပါ့မလားလို့။ ဒီနှစ်သစ်မှာလည်း ဒီကောင်တွေ ဘက်က မမျှော်လင့်ထားတာမျိုး ထပ်ဖြစ်လာဦးမယ်လို့ ကျနော်ကတော့ အဲဒီလိုထင်နေတယ်။ အကိုလည်း ဒီနှစ်သစ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေသုံးသပ်ချင်လဲ။ ဘာတွေမြင်ထားလဲ။ အကိုရဲ့ အမြင် လေး သိချင်တာအကိုရေ။

MKN – ရှည်ရှည်လျားလျားပြောရင်လည်း ရှည်လျားသွားမှာပေါ့နော်။ လိုရင်းပဲ တချက် နှစ်ချက် ကြည့်လိုက်ကြတာပေါ့။ ဘာလဲဆိုတော့ အရင်တုန်းက ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေနဲ့ နှိုင်းပြီးတော့ အရင်လိုပြီးသွားဦးမှာပဲဆိုပြီး ဒီလိုမျိုးဝေဖန် ကြတဲ့သူတွေရှိ တယ်။ သူတို့ဘက်ကလည်း လွယ်လွယ် တွေးခဲ့ကြတာပေါ့။ ဆန္ဒတော့ပြမှာပေါ့ကွာ။ ရက်ရက်စက်စက်ပစ်လိုက်ရင်လည်း ပြီးတာပါပဲလို့ ထင်ခဲ့တယ်။ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေက အတက်ဗျ။ သူတို့ဘက်က အကျဖြစ်သွားပြီ။ ဒီနှစ်က ဒါကိုပိုပြီးတော့ ထင်ရှားသွားလိမ့်မယ်။

အရင်အရေးတော်ပုံတွေနဲ့ မတူတာကို စဉ်းစားကြည့်။ အနီးဆုံး ၈၈ နဲ့ ယှဉ်ပြီးတော့ ပြောမယ်။ အဲဒီတုန်းက အခင်းအကျင်းက နှစ်ပိုင်း။ လက်နက်ကိုင်ပြီးတော့ ပြန်တော်လှန် တာရှိတယ်။ ဒီမြို့ပေါ်မှာပဲ ရွေးကောက် ပွဲဝင်ပြီးတော့ ပြောင်းလဲမယ်ဆိုတဲ့ဟာမျိုးတွေရှိခဲ့တယ်။

ဒါပေမယ့် အများစုက မြို့ပေါ်က ကြိုးပမ်းမှုတွေမှာ ပြည်သူက လိုက်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင် တော်လှန်ရေးအတွက်ကို ဘယ်သူတွေက ထောက်ပံ့အားပေးမှာလဲဆိုတဲ့ ကိစ္စက ရှိတာကိုး။ ဒါကတော့ တကယ်ဝန် ခံ ရမှာလေ။

အခု မတူတော့တဲ့အချက်ကကျတော့ ကျတော်တို့ပိုသာတာက ရွေးကောက်ပွဲကပြီးသွားပြီ။ ရလဒ်ကိုကြေညာပြီးသွားပြီ။ ဒါကောင်းတဲ့ အချက်ပဲ။ ပြည်သူလူထုရဲ့ အဆုံးအဖြတ်က ပေးထားပြီးသား။ နောက်တခုကကျတော့ ကျနော်တို့ဘက်မှာ CRPHက ပေါ်လာပြီ။ NUCC ခေါ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီပေါ်တယ်။ အဲဒီမှာကနေပြီးတော့ NUG ဖွဲ့တာ။ အဲဒါက နည်းတဲ့အောင်မြင်မှု တွေ မဟုတ်ဘူး။ ပြည်သူတွေအကုန် လုံးပူးပေါင်းခဲ့လို့ နိုးကြားခဲ့လို့ ကြိုးစားခဲ့လို့ရတာ။ ဒီရလဒ်က အကြီးကြီး။ အဲဒီသုံးခုလုံးကလည်း အလုပ်တွေ ကို ကောင်းစွာလုပ်နေနိုင်တယ်။

နောက် တခုက စဉ်းစားကြည့်။ ၆၂ ကစပြီးတော့ ၇၄၊ ၇၅၊ ၇၆၊ ၈၈ … အကုန်လုံးက … ပေါင်းစုံ လုပ်ပေးနေတာ။ ခင်ဗျားတို့ လူတိုင်း သိတဲ့ လျှိုဝှက်ချက်တွေကိုပဲ ကျနော်ပြောနေတာ။ တကယ်တန်းကျတော့ အဆက်အသွယ်တွေ အကြံဉာဏ်တွေပေးတယ်ဗျာ။ ငွေအားတွေ စိုက်တယ်။ သူတို့တွေ အရွယ်ရောက်လာတဲ့အခါမှာ လူကြီးမျိုးဆက် ပေါ့ဗျာ။ သူတို့တွေကနေပြီးတော့ PDF ကိုဝိုင်းထောက်ကြတယ်။ တော်လှန်ရေးအင် အားစုတွေထဲမှာ ကိုယ်တိုင်လည်းပါ တယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက် ကိုကြည့်လိုက်ရင် သူတို့ရဲ့ လေ့ကျင့်ရေးတွေကိုကြည့်။ သူတို့လေ့ကျင့်ရေးက ဆရာတွေကိုယ်တိုင် ချီးကျူးရအောင်ဇွဲသတ္တိကောင်းတယ်။ ကြိုက်သလောက်မောင်းစမ်း မငြီးမငြူတန်းလုပ်ကြပြီးတော့ တကယ်ကို စွမ်းရည် ပြည့်တဲ့ ကျနော်တို့ရဲ့ တိုက်ခိုက် ရည်ပြည့်တဲ့ ရဲဘော်တွေအဖြစ်နဲ့ သူတို့တွေ ရင်ဆိုင်နေကြတာ။

နယ်တွေမှာလည်း ခင်ဗျားသိတဲ့အတိုင်းပဲ။ ဒေသဆိုင်ရာ ပီဒီအက်တွေရဲ့ လက်စွမ်းဘယ်လောက်ပြနိုင်လဲဆိုတာသိတယ်။ အရေးအကြီးဆုံး အချက်က ကမ္ဘာကြီးက နိုင်မြင်းဘယ်သူလဲဆိုတာသိသွားပြီ။ သိသွားလို့ အကုန် လုံး အိတ်ထဲ လက်နှိုက်နေပြီ။ ဘယ်သူ့ဘက်က လောင်းရမယ်ဆိုတာလည်း ကမ္ဘာကြီးက ထင်ရှားသွားပြီ။ ဒါပါပဲ။

ဒီနှစ်မှာ ဒါတွေအားလုံးက အဆုံးအဖြတ်ပေးသွားမှာပါ။ အရေးကြီးဆုံးတချက်က NUG က ပြီးခဲ့တဲ့ နှစ် ကတော့ တော်လှန်တဲ့အင်အားစု … အခုကတော့ အစိုးရအလုပ်တွေကို သူလုပ်ပြတော့မယ်။ သူရဲ့ စိုးမိုးနိုင် တဲ့ နယ် မြေတွေ အုပ်ချုပ်ရေးတွေ တရားစီရင်ရေး၊ ဥပဒေပြုရေးကအစ ဒါက NUG ရဲ့အစွမ်းကောင်းကောင်း ပြရမယ့်နှစ်ဖြစ်ပြီးတော့ အောင်ပွဲအတွက် တခါတည်းဖိရုံနဲ့ လှုပ်ရှားမှုတွေ အားလုံးလုပ်နိုင်တဲ့နှစ်ပဲဖြစ်မှာ။ ဒါကို ကျနော်တို့ သေချာပေါက်ကို မြင်ထား တယ်။

NPL – ဟုတ်ကဲ့အကို။ ကျနော်တို့ လည်း ဒီလိုပဲ ယုံကြည်ပါတယ်။ အကိုပြောတဲ့ အထဲမှာ ပါသွားတာပေါ့နော်။ ကမ္ဘာကြီးကလည်း နိုင်မြင်း ဘယ်သူလဲဆိုတာကို သိနေပြီပေါ့။ ဒါပေမယ့် လည်း တဆက်တည်းပဲအကိုရာ နိုင်မြင်း ဘယ်သူလဲပဲမသိတာလား။ သူ့ဘာသာ ဘာ တွေထင်နေလဲတော့မသိဘူး။ ဟွန်ဆန်ဘက်ကို နည်းနည်းလောက်လှည့် ပြီးတော့ မေးချင်တယ်။ အဲဒီကိစ္စက မနက်ဖန်၊ သဘက်ခါ ဆို ရောက် လာတော့မယ်ပေါ့နော်။ ဟွန်ဆန်လာမယ် ပေါ့အကိုရာ။ သူက ဘာလာလုပ် မှာလဲပေါ့။ မြန်မာနိုင်ငံကို ကယ်တင်မှာလား မင်းအောင်လှိုင်ကို ကယ်တယ်မှာလား။ ဒါပေမယ့် သူလုပ်နေတဲ့ လုပ်ပေါက်က ဟိုလူ့ကယ်မလို ဒီလူ့ကယ် မလိုနဲ့ သူကိုယ်တိုင် တောင် ရေတိမ် နစ်သွားနိုင်တယ်ပေါ့။ အဲဒီလိုအနေအထား ကျနော်တွေ့နေရတယ်။

နောက်ပြီးတော့ ဟိုတလောက သူဒီ ခရီးစဉ် မလာခင်မှာ ဝဏ္ဏမောင်လွင်နဲ့ သူပထမဆုံး စတွေ့တာပေါ့။ ဓာတ်ပုံတွေရိုက် ပို့စ်တွေဘာတွေ တင်လိုက် သေးတယ်။ အဲဒီမှာ ကျနော် တို့ မြန်မာတွေ ဝင်ဝုန်းတာပေါ့နော်။ ဟဟတွေရော အန်းဂရီးတွေရော အများကြီးပဲ။ အဲဒီမှာ အင်္ဂလိပ်လိုတွေရော မြန်မာလိုတွေရော ကမ္ဘောဒီးယားလိုတောင်ပါသေးတယ် ဝင်ပြီး ကော့မန့်တွေ ရေးကြတာ။ ကျနော်ထင်တယ် ဗျာ။ သူတို့ Team တခုခုကနေ ဘာသာပြန်ပြီး သူ့ကို ပြရင် မြန်မာပြည်သူတွေ ဘယ်လိုသဘောထားရှိလဲ၊ ပြည်သူတွေက မင်းအောင်လှိုင်တို့အပေါ်မှာ ဘယ်လို မြင်နေတယ်ဆိုတဲ့ဟာကို သူသိမှာပဲဗျ။ ဒါပေမယ် ခက်တာက ဟွန်ဆန်ကိုယ်တိုင်ကလည်း ပြည်သူ့သဘော ဆန္ဒ ကို အလေးထားတဲ့လူမျိုးလားလို့ လေ့လာပြန်တော့လည်း မဟုတ်ပြန် ဘူး။ အဲ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ပြည်သူတွေကတော့ ရှင်းတယ် ဗျ။ အခုဆိုရင် သူက မင်းအောင်လှိုင်နဲ့အတူ ဆန္ဒပြပွဲတွေမှာ သူ့ပုံကြီး ပါ မီးတွေရှို့နေကြပြီ။ အဲဒီတော့ အကိုရာ သူ့ခရီးစဉ်ကိုလည်း အကို့ကို မေးချင် တာပေါ့။ သူက ဘာလာလုပ်မှာလဲ။ သူကဘာဖြစ်ချင်နေတာလဲ။ သူကတော့ ဖြစ်ချင်တာ တခုခုရှိမှာပေါ့။ ဒါပေမယ့်လည်း သူဘာဖြစ်သွားနိုင်လဲပေါ့။ အဲဒါလေးအကို နည်းနည်းဆွေးနွေးပေးပါဦး အကို။

MKN – လူတွေကတော့ ကိုယ့်တွက်ကိန်း နဲ့ကိုယ်တော့ စိတ်ကူးဖဲရိုက်ရင် တော့ ဟုတ်နေမှာပေါ့ဗျာ။ အာဏာရှင် တို့ရဲ့ သဘောကတော့ သူတို့ ဖြစ်ချင် တာပဲ သိတယ်ဗျ။ ပြည်သူ့ဆန္ဒနဲ့ အများသဘောတူထားတဲ့ ဒါမှ တရားမျှတမှုဘက်တွေ သူတို့ဘယ်တော့မှ မစဉ်းစားဘူး။ ဒါရှင်းတယ်။ ဟုတ်ပြီ။ ကျနော်သတိရတာလေး ပြောစမ်းပါရစေ။ သက္ကရာဇ် ၂၀၀၀ မပြည့်ခင်လောက်တုန်းက ကျနော်တို့တွေ ထောင်ထဲရှိနေတုန်းကပေါ့ဗျား။ ဒီလိုပဲ လူတွေက ဒီအတိုင်း ငုံခံနေရတာကြာတော့ ပြန်ချတော့မယ်။ ရတဲ့နည်းနဲ့ ဆန့်ကျင်တော့မယ် အချိန်မှာ ရာဇာလီ လာမယ်ဆိုပြီးတော့ ရှိဘူးတယ်ဗျ။ မှတ်မိလိမ့်မယ်။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ တခြားလူကို ခန့်တာကို အဲဒီတုန်းကလည်း စစ်အစိုးရ လက်မခံဘူး။

ရာဇာလီကျမှ အိုကေတယ် ဆိုတော့ ရာဇာလီလာမယ် စောင့်နေလိုက်ပါဦးဆိုတော့ ဘာကိုစောင့်ရမှာလဲပေါ့လေ။ ရာဇာလီလာရင် ထူးလိမ့်မယ်။ အဲဒီတော့ စောင့်ကြည့်လိုက်တယ်။ ဘာမှမထူးဘူး။ မဟုတ်ဘူး ပြန်ရင် ထူးလိမ့် မယ် ဆိုတော့ ထပ်စောင့်ကြရပြန်ရော။ ပြန်သွားတော့လည်း မထူးတော့ ရတဲ့ အင်အားနဲ့ ချကြမယ်ဆိုတော့ ရာဇာလီလာဦး မယ်တဲ့။ လာရင် တကယ်ထူးမှာတဲ့။ မထူးဘူး။ လာတော့လည်း ထိုင် ကြည့်နေတော့ မဟုတ်ဘူး။ ပြန်မှ ထူးမှာတဲ့။ အဲဒါနဲ့ပဲ ခင်းဗျား ဗျာ။ ကျနော်က အဲဒီ့ဟာတွေကို သတိရနေတယ်။ တကယ့်အပြောင်းအလဲဆိုတဲ့အရာက ငြင်းဆန်လို့မရဘူး။ ကျနော်တို့က အမျှော်စိုက်ဝါဒတော့ ကျွန်တော်တို့ ပြည်သူတွေမှာ လုံးဝမရှိတော့ဘူး။ ဒါလေးသိစေ ချင်တာပေါ့နော်။

နောက်တခုကတော့ ဟွန်ဆန်။ ဟုတ်ပြီ။ ကျနော် လူ့ပုဂ္ဂိုလ်တွေအကြောင်း တော်ယုံတန်ယုံ ပြောလေ့မရှိဘူး။ အခုသူ့ကို မပြောလို့မရဘူး။ သူဘာလဲပေါ့နော်။ သူကရော ဘယ်လိုလူစားလဲ။ သူ့သမိုင်းကို ကြည့်လိုက်တဲ့အခါကျတော့ဗျား အတိုဆုံး တလုံးတည်းပြောပါဆို သူလည်း အာဏာရှင်ပဲလေ။ အခုလဲ သူ့သားကို သူပဲ စစ်ဦးစီးချုပ်ပြန် ခန့်တယ်။ အနာဂတ်ခေါင်းဆောင်ပါဆိုပြီးတော့ မိတ်ဆက်တယ်။ ပြည်သူ့ ဆန္ဒကဘယ်မှာလဲ။ ပြည်သူက ဘာကို ဆုံးဖြတ်ရမှာလဲ။ တကယ့် သူရဲ့ ပြိုင် ဘက်တွေဖြစ်တဲ့ သီဟာနုတို့ သားအဖတွေရော ကျနော်တို့ ဒီဘက်က ဒီမိုကရေစီ ဆန်ရိန်းစီး (Sam Rainsy) တို့ ဘာတို့ အကုန်လုံးကို ချုပ်ကိုင်ပြီးတော့ ဆန်ရိန်းစီးဆိုရင် လွင့်သွားရတာပဲလေ။ ထားပါတော့။ အဲဒါတွေ အကုန် လုပ်နေတဲ့ သူက ဘာအနေနဲ့လာမှာလဲ။ သူလာမှာ ဘာအနေနဲ့လဲ။ အာဆီယံ ticket နဲ့ လာမှာလား။ အာဆီယံ လက်မှတ်ကြီး ကိုင်ပြီးတော့ ဝင်လာတဲ့ အနောက်မှာရော ဘာရှိသေးလဲ။ ဒါက ဒီနေ့ နိုင်ငံရေးနိုးကြားနေတဲ့သူတိုင်း သိတယ်လေ။ ကျနော်တို့ပြည်သူတွေက ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဘယ် အင် အားကြီးနိုင်ငံဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးကို လာတော့ ပုံမဖော်နဲ့နော်။ ပုံမဖော်နဲ့။ ဒါကျနော်တို့ ပြည်သူတွေရဲ့ အကောင်း ဆုံး သတ္တိပဲ။ ရင်ဆိုင်နိုင်တယ်။ လက်ခံမှာမဟုတ်ဘူး။ တရားမျှတစွာပဲဖြစ်ရမယ်။ ဒါရှင်းတယ်နော်။ ပုံလာဖော်လို့မရဘူး။ အဲဒီတော့ သူဖြစ်စရာကလေ။ ခုနက ခင်ဗျားပြောတဲ့အတိုင်းပဲ အခုလာကြည့် ဘာပိုဖြစ်သွားမှာလဲ။
သူ့မျက်နှာ တခြမ်း ဒီဘက်က စစ်ကောင်စီ ခေါင်းဆောင်ရဲ့ မျက်နှာတခြမ်းနဲ့ အဲဒီနှစ်ခုကိုပေါင်းမှ တမျက် နှာ ဖြစ်သွားမယ်။ ဒါ ကမ္ဘာကြီးမှာ သရုပ်ဖော်တာ သိပ်လည်းမှန်လွန်းအားကြီးတယ်။ ထိရောက်တယ်။ အဲဒီတော့ သူက ဖြစ်စရာနှစ်မျိုးရှိတယ်။ ကျနော်တို့စီ CNNသတင်းထောက် လာတယ်။ လူတွေက ပထမ ငြိုငြင် တယ်။ နောက်ကျတော့ သူက အမှန်တရားကိုဖော်ထုတ်သွားတော့ သူရဲကောင်း ဖြစ်သွားတယ်။ ဒါက တပိုင်းနော်။ နောက်တမျိုးကိုကြည့် အစ္စရေးက လော်ဘီ။ တကမ္ဘာလုံးပတ်ပြီးတော့ လုပ်စား နေတာ ဒီပွဲမှာ အကွဲကြီးကွဲ သွားတာ။ အဲတော့ ဖြစ်ခြင်းဖြစ်ရင် ဒုတိယအမျိုးအစားပဲဖြစ်မယ်။ ဘာလို့လည်းဆိုတော့ စိတ်စေတနာက ရှင်းတယ်လေ။ အဲတော့ ခင်ဗျားမေးတဲ့ မေးခွန်းအတိုင်းပဲပေါ့။ သူတပါးကို ကယ်မှာလည်း ကယ်ရင်းနဲ့ သူကိုယ် တိုင်ပါ နစ်ရ မဲ့ကိန်း။ ဘာဖြစ်လို့ လည်းဆိုတော့ သူ့တိုင်းပြည်ထဲမှာ လည်း ဆူနေပြီဗျာ။ သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြမ္မာငင်နေပြီ။ သူ့မဟာအမှားတွေ၊ သူအစွယ်ထွက်လာတာ ကျနော်တို့မြန်မာပြည်သူတွေကို ရန်စွယ် ငေါငေါနဲ့ ရန်တွေ့လိုက်သေးတယ်။ ပထမတော့ အာဆီယံမူ ၅ ချက်ကို လက်ခံရမှာပေါ့ဘာညာပြောတယ်။ ပြီးတော့ ဥက္ကဋ္ဌဆိုတဲ့ တူကိုရသွားတယ်။ အဲဒီ တူရသွားတာနဲ့ ဖောက်လွှဲဖောက်ပြန်မှုက စပြီးတော့ ပြတာပဲဗျ။ အဲဒီတော့ တကယ်က ကျနော်တို့ပြည်သူတွေကလေ ဒီ ၅ ချက်နဲ့တောင် မလုံလောက်ဘူးနော်။ ဒါ ဒဲ့ပြောတာ။ နောက် ဆုံး ဗိုလ်နေမြဲ၊ ကျားနေမြဲပြန်ရောက် ဆိုလို့ကတော့ ခင်ဗျား ပေးခဲ့တဲ့ အသက်တွေ ဘဝတွေက ဘာလဲဗျ။ ဒါရှင်းရှင်းလေးပဲလေဗျာ။

နောက်ပြီးတော့ ပြုခဲ့တဲ့သူရဲ့ တာဝန်ယူမှုက ဘယ်မှာလဲ။ ချုပ်လိုက်ရင်တော့ကျနော်တို့ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ဇွဲသတ္တိတွေပေါ့။ တကယ်ရောက်နေတဲ့ နေရာသည် အောင်ပွဲ။ အဲဒီမှာမှ ကျနော်တို့အမြဲပြောနေတဲ့ အလဲထိုးဆိုလို့ အလဲထိုးပြလိုက်မှ ဒိုင်ကလာမဆွဲနဲ့လို့ ပြောခဲ့ပြီးပြီလေ။ ဘယ်နိုင်ငံကြီး အင် အားစု ဘယ်လိုပဲ နောက်ကွယ်တွေ ရှေ့ကွယ် တွေကနေပြီးတော့ ဘယ်လိုပဲ ပုံဖော်သည်ဖြစ်စေ ကျနော်တို့ပြည်သူတွေက ကိုယ့်ပန်း တိုင် ကိုယ်ရှိတယ်။ လိုရင်းပြောရရင်တော့ဗျာ၊ ဘယ်တန်ခိုးရှင်မှ လာတားလို့မရဘူး။

ထင်သာ မြင်သာ ဥပမာပြောရရင်၊ တကမ္ဘာလုံးသိတဲ့ ဥပမာပါပဲ။ ဝန်တင်တဲ့ လားတွေပေါ့။ ကောက်ရိုးထမ်းရတယ်ဆိုရင်တောင်မှ ထမ်းရင်း ထမ်းရင်း မသိသာဘူး။ အဲဒီလိုပဲ သူရဲ့ကမ္ဘာပေါ်မှာ လူတွေရဲ့ မယုံကြည်မှု ပြည်သူ ပြည်သားတွေရဲ့ ဆန့်ကျင်မှု သူရဲ့ အာဏာရှင်ပြုခဲ့တဲ့အမှုတွေ အားလုံးက နောက်ဆုံးကောက်ရိုးတစ်မျှင်တင်လိုက်ရင် ခါးကျိုးမဲ့ လားလိုဖြစ်နေတယ်။ အဲဒီတော့ ဒီပွဲမှာ အာဏာလုတဲ့ စစ်အုပ်စုကို သူလာပြီးတော့ ကူညီပေးချင်တဲ့ ထွက်ပေါက်ပေး ကယ်ချင် တယ်ဆိုတဲ့ စေတနာမျိုးနဲ့ သူလုပ်လိုက်လို့ကတော့ အဲဒီနောက်ဆုံး ကောက် ရိုးတစ်မျှင်အတွက်နဲ့ပဲ ခါးကျိုးမယ် ဆိုတာကို အတပ်ပြောရဲတယ်။ ပြည်သူတွေရဲ့ ဆန်ကျင်မှုကို သူတွေ့ရလိမ့်မယ်။ သူ့ပြည်သူရော၊ ကျနော်တို့ပြည်သူရော၊ ဒေသတွင်းမှာရော အဲဒါတွေနဲ့ သူအပြည့်အဝကြုံရပြီးတော့ နောက်ဆုံး အာဆီယံကိုသာ သွားပြီးတော့ ထိခိုက်ပါမယ်။ ဒါရှင်းပါတယ်ဗျ။

NPL – အကိုပြောတာ ကျနော်သဘောကျတယ်။ နောက်ဆုံးကောက်ရိုးတစ်မျှင်ပေါ့။ အကိုပြောသလိုပဲ၊ သူဒီကို လာမယ်။ ပြီး ရင် လူသတ်သမားပေါ့ဗျာ၊ လူသတ်သမားနဲ့ စားပွဲတစ်ခုတည်းထိုင်ပြီးတော့ စကားတွေပြော မယ်။ ပြီးရင် ဖက်လှဲတကင်းတွေ လုပ်ပြပါလိမ့်ဦးမယ်။ ဒီလုပ်ရပ်ဟာ ဟွန်ဆန်ခါးကျိုးသွားနိုင်မယ့် ကောက်ရိုးတမျှင်လည်းဖြစ်နိုင်သလို မင်းအောင်လှိုင် ဘက်ကကြည့်ရင်လည်း မင်းအောင်လှိုင်ရဲ့ နောက်ဆုံးအနေနဲ့ပေါ့။ သူလည်းရှုံးဖို့က သေချာနေတော့ နောက်ဆုံးအနေနဲ့ မျှော်လင့်တကြီး လှမ်းဆွဲလိုက်တဲ့ကောက်ရိုးတစ်မျှင်လည်း ဖြစ်နိုင်တယ်လို့ ကျနော်တို့ကတော့ မြင်တယ်အကိုရေ။

MKN – ရေနစ်တဲ့သူက လှမ်းဆွဲတဲ့ ကောက်ရိုးတမျှင်ပေါ့။ ဒါဆိုရင် ခင်ဗျား ဒီနေ့စကားဝိုင်းကို ခေါင်းစဉ်တော့ ကောက်ရိုးတစ်မျှင်လို့ တပ်ရင် ပိုကောင်း မယ်လို့ ထင်တယ်ဗျ။ ဒါမှတ်မှတ်ရရတော့ ဖြစ်သွားတာပေါ့။

NPL – ဟုတ်ကဲ့အကိုရေ .. နောက်ဆုံးကောက်ရိုးတမျှင်ပေါ့ဗျာ။ အာဏာရှင် နှစ်ယောက်ရဲ့ နောက်ဆုံး ကောက်ရိုးတမျှင်ပေါ့။ ကျေးဇူးပါ အစ်ကို။ နောက်လည်း အကိုအားတဲ့အချိန်လေးတွေ လှမ်းချိန်းပြီးတော့ စကားပြောပါဦးမယ်အကိုရေ။

အရေးတော်ပုံအောင်နေပြီ။

#SpringRevolution
#PVTV
#PVTVTalkshow

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.