နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို အမျိုးသားညီ ညွတ်ရေးအစိုးရက လူသားချင်းစာနာထောက်ထား မှု အကူအညီတွေပေး
ဇူလိုင် ၉ ၊ ၂၀၂၂
အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက ကျေးရွာတွေကို မီးရှို့ပြီး ပြည်သူတွေကို သတ်ဖြတ်မှုတွေလုပ်နေတဲ့အတွက် နေ ရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုတွေကို ပေးအပ်နေတယ်လို့ သတင်းထုတ်ပြန်လိုက် ပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ၊ အသက်ဆုံးရှုံးထိခိုက်ခံစားရတဲ့ ပြည်သူတွေနဲ့ ပြည်သူ့ခုံခံ တွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုတွေကို တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ဖို့အတွက် လူသားချင်းစာနာမှု အထောက်အပံ့ အကူအညီများ ပေးအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလိုထောက်ပံ့မှုတွေပြုလုပ်ခဲ့ရာမှာ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ ထောက်ပံ့ခဲ့တဲ့ မှတ်တမ်းအချို့ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက်လည်း ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေ တယ်လို့ ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနက ထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ရန် မကုန်ခမ်းနိုင်တဲ့ စေ တနာတွေနဲ့ လှူဒါန်း ပေးကြတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင် ပြည်သူတွေအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။