နိုင်ငံတော် ယာယီသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်တို့ တွေ့ဆုံ
မတ် ၁၇ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းတို့နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ ဆုံဆွေးနွေးမှုကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ နိုင်ငံတော်ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်နေမှုတွေ၊ တာဝန်ယူမှု တာဝန်ခံမှုရှိစေပြီး တရားဥပဒေနဲ့အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် တို့အတွက် မှာကြားခဲ့ကြပါတယ်။
စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်တာဝန်ရှိသူတွေက လက်တလော ကိုင်တွယ်ဆောင်ရွက်လျက်ရှိတဲ့ အမှုခင်း တွေနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ၂၀၂၁ ခုနှစ် ၊ ဒီဇင် ဘာလက စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပေါင်းစပ်ပြီး တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။