နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ့များအား သတိပေးသည်ဟူသော စာအတု ပြန့်နှံ့လျက်ရှိ
၅ အောက်တိုဘာလ ၂၀၂၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက မတရားအမှုဆင်စွဲဆိုထားသည့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ့များအား ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ရေးသားထားသည့် စာအတုတစ်စောင် အွန်လိုင်းတွင်ပြန့်နှံ့လျက်ရှိပြီး အဆိုပါစာကို ဖြန့်ချိသည့် အဖွဲ့အစည်းမှာ People’s Defence Force (Yangon) ဟု အမည်ခံထားသော အဖွဲ့အစည်းဖြစ်ကြောင်းတွေ့ရသည်။ ရန်ကုန်တိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အမှန်တကယ်လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် အဆိုပါအဖွဲ့မပါဝင်ကြောင်းနှင့် People’s Defence Force (Yangon) လူမှုကွန်ယက်စာမျက်နှာသည်လည်း သတင်းအမှားများဖြန့်ချိလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောကြားသည်။ People’s Defence Force (Yangon)၏ လူမှုကွန်ယက်စာမျက်နှာကို လေ့လာကြည့်ရာ ၂၀၂၁ ခုနှစ် မေလ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းနှှင့် မြန်မာနိုင်ငံမှ ၃ ဦး၊ အီရန်နိုင်ငံမှ ၁ ဦး ကိုင်တွယ်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။