နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ ၏ နှစ်သစ်အဖွင့်မိန့်ခွန်း…


နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ ၏ နှစ်သစ်အဖွင့်မိန့်ခွန်း
==================

၁။ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံတော်အာဏာအား မတရား သိမ်းပိုက်လိုက်သဖြင့် အခြေခံဥပဒေနှင့် လူထုအစိုးရ ပျက်ပြယ်သွားပြီ ဖြစ်သဖြင့် ကြားကာလအစိုးရ တစ်ရပ်ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် နိုင်ငံရေးလမ်းပြမြေပုံ တို့နှင့်အညီ ဖွဲ့စည်းသွားရန် လိုအပ်လာပါသည်။
၂။ စစ်အာဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ အသက်စတေး ခဲ့ရသူများ၊ CDM ဝန်ထမ်းများ၊ စစ်အာဏာရှင်တပ်များ နှင့် စစ်မြေပြင်တွင် လက်တွေ့ တိုက်ပွဲဝင်နေသော ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံမှုများသည် လောကပါလတရားနှင့် ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ထောင်ရေးတွင် အခြေခံအုတ်မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်အပ်ပါသည်။
၃။ ကြားကာလအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ချမှတ်ထားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်အား လက်တွေ့ အကောင်အထည်ဖော်ဆောင်မည့် နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမည် ဖြစ်သည်။ ဤကြားကာလ အစိုးရသည်လည်း တိုက်ပွဲဝင် အစိုးရတစ်ရပ်သာ ဖြစ်သည်။
၄။ သို့ဖြစ်ပါ၍ ကြားကာလအစိုးရ၏ အဓိက နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ် ဖြစ်ပါသည်။
(၁) ကြားကာလအစိုးရ၏ အစိုးရယန္တရားများအား ပြည်သူလူထုများအတွင်း လက်တွေ့ အမြစ်တွယ်နိုင်ရန် လုပ်ဆောင်ရမည်။
(၂) ကြားကာလအစိုးရအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုရရန် လုပ်ဆောင်ရမည်။
ထိုလုပ်ငန်းစဉ် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်တပ်မတော် တည်ထောင်ခြင်း၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာအောင် ဆောင်ရွက်ခြင်း စသည့် အရေးကြီးသော နိုင်ငံရေးကဏ္ဍများအား ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည်။
၅။ အထူးပြောကြားလိုသည်မှာ ကြီးမားလှသည့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ဌာနန္တရ ရယူခြင်းမျိုး မဟုတ်ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေးလမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ ဖြစ်သည်ကို အစဉ်သဘောပေါက် ခံယူရန် လိုအပ်ပါသည်။
၆။ တာဝန်ထမ်းဆောင်ရမည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ပြည်သူလူထု ခံစားနေ ရသည့် မတရားညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်၏ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စသည်တို့ကို လုံခြုံစိတ်ချရသော လူနေမှုဘဝများအဖြစ်သို့ တည်ဆောက်ရန် တာဝန်ရှိသည့် ကြားကာလအစိုးရ ဖြစ်ပါသည်။
၇။ နိဂုံးချူပ်ဆိုရမည်ဆိုလျှင် ယခုအချိန်သည် စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားရင်း နိဂုံးချုပ် အပ်ပါသည်။

Like – 17K Share – 1231

Public Voice Television Facebook

Add your reaction

  1. နိုင်ငံတော် ဒုသမ္မတအား လှိုက်လှဲစွာကြိုဆိုပါ၏၊

  2. CRPH အနေနဲ့ အလံ အရင်ထုတ်ပေးလိုက်ပါ ပေါက်ကရအလံတွေသုံးနေကြလို့ပါ။ 🥲🥲🥲

  3. နိုင်ငံတော် ဒုသမ္မတအား လှိုက်လှဲစွာကြိုဆိုပါ၏၊

  4. ဒုသမ္မတနဲ့ ဝန်ကြီးများ ကျန်းမာပါစေ ဘေးအန္တရာယ် ကင်းရှင်းပါစေ သူတော်ကောင်းကို နတ်ကောင်နတ်မြတ်များ စောင့်ရှောက်ကြပါ

  5. ဒုသမ္မတနဲ့ ဝန်ကြီးများ ကျန်းမာပါစေ ဘေးအန္တရာယ် ကင်းရှင်းပါစေ သူတော်ကောင်းကို နတ်ကောင်နတ်မြတ်များ စောင့်ရှောက်ကြပါ

  6. NUG အဖွဲ့ဝင်များအားလုံး ကျန်းမာကြပါစေရှင် မြန်မာပြည်သူများလဲ အဓမ္မတရားများမှ အမြန်ဆုံးလွတ်မြောက်ရပါလို၏ အရေးတော်ပုံအောင်ရမည်

  7. ကြိုဆိုပါတယ်ဒုသမ္မတကြီးရှင့်…
    NUG အစိုးရအဖွဲ့အားထောက်ခံပါတယ်ရှင့်..
    ပြည်သူများကိုစောင့်ရှောက်ပေးပါရှင့်..
    🙏🙏🙏

  8. မြန်မာနိုင်ငံကြီးNUGအစိုးရနှင့်အတူလောကပါလတရားပြန်လည်ထွန်းကားလာပါစေဘုရား

  9. နိုင်ငံတော်ဒုသမ္မတကြီးကျန်းမာပါစေ🙏 အရေးတော်ပုံအောင်ရမည်။💪💪💪

  10. ကျန်းမာပါ​စေလုပ်​ဆောင်မှုများ​အောင်မြင်ပါ​စေ

  11. NU G အစိုးရအဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါတယ် ရှင်
    ဒုတိယ သမ္မတကြီး နှင့်တကွ အစိုးရအဖွဲ့ ဝင်များ အားလုံးကျန်းမာပါစေ၊ ဘေးအန္တရာယ်များ ကင်းပါစေ 🙏🙏🙏

  12. ဒု သမ္မတကြီးနှင့် NUG အ ဖွဲ့ဝင်လူကြီးမင်းများ
    အား လုံးကျမ္မာချမ်းသာကြပါစေ

  13. မြန်မာပြည်ငြိမ်းချမ်းပါစေ
    ပြည်သူပြည်သားဘဝဒုက္ခအပေါင်းမှ
    အမြန်ဆုံးလွတ်မြောက်ပါစေ

  14. NU G အစိုးရအဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါတယ် ဒုတိယ သမ္မတကြီး ကျန်းမာပါစေ🙏🙏🙏

  15. အထိကကတော့ ဥပဋ္ဌေ ကျွင်ကျင်တဲ့လူကြီးတွေနဲ့ ဖွဲစီးပိးလောက်မလားလို့ပါ

  16. အားလုံး ပြည်သူတွေ အားထား နေတဲ့CRPH ကိုအမြဲထောက်ခံလျက်ပါ

  17. ဒုသမာတကြီးကျန်းမာပါစေ NUGအစိုးရအားကြိုဆိုပါသည်။

  18. NUG အစိုးရအားလှိုက်လှိုက်လှဲလှဲကြိုဆိုထောက်ခံပါတယ်ခင်ဗျာအစိုးရအဖွဲ့ဝင်များအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးကိုယ်စိတ်နှစ်ပါ​ချမ်းသာကြပါစေ

  19. ရုံးတွေပြန်တက်နေကြတာမြင်ရတော့ စိတ်မကောင်ဘူး၊ အရင်ကထက် သင်္ကြန်အပြီးမှာ လူရော ဖယ်ရီကားရော ကိုများ လာတာတွေ့ရတယ်။ CDM sporting တွေကို အားလုံးပါဝင်ထောက်ပံ့သင့်တယ် ခုနေခါ CRPH ထောက်ပံ့ဖို့ခက်နေကြရင် CRPH အနေနဲ့ အနယ်နယ်အရပ်ရပ်က တတ်နိုင်သူတွေက CDM ဝန်ထမ်းတွေကို လတ်တလော တတ်နိုင်သလောထောက်ပံ့သွားဖို့၊ ထောက်ပံ့ရာတွင်လည်းသိုသိုသိပ်သိပ် ထောက်ပံ့သွားဖို့ ကို တိုက်တွန်းနှိုးဆော်သင့်တယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.