နိုင်ငံတော်ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ပထမဆုံးအကြိမ်အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်
၁၇ ဧပြီလ ၂၀၂၁
=================
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အစိုးရသစ်၏ ပထမဆုံးအကြိမ် အစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် ဒုတိယ သမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ဒုတိယသမ္မတက လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ အစိုးရအဖွဲ့သစ်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အလျှင်အမြန်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာအစိုးရသစ်များကဲ့သို့ ရက် ၁၀၀ သတ်မှတ်ဆောင်ရွက်ခြင်းထက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တစ်လအတွင်း တိုးတက်သည့် အခြေအနေရရှိနိုင်ရေးဆောင်ရွက်ကြရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာစေရန်အတွက် အစိုးရအဖွဲ့ဝင်များအားလုံး ညီညွတ်ညွတ် ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်တို့က လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
Like – 10K Share – 591