နိုင်ငံတကာအနေနဲ့ အာဆီယံမလုပ်နိုင်မှန်း သိနေလျက်နဲ့ မြန်မာ့အရေးကို အာဆီယံသာလုပ်ရမယ်ဆိုတဲ့ အယူအဆကို ပြန်သုံးသပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အာဆီယံဆိုင်ရာသံအမတ်‌ပြောကြား

နိုင်ငံတကာအနေနဲ့ အာဆီယံမလုပ်နိုင်မှန်း သိနေလျက်နဲ့ မြန်မာ့အရေးကို အာဆီယံသာလုပ်ရမယ်ဆိုတဲ့ အယူအဆကို ပြန်သုံးသပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အာဆီယံဆိုင်ရာသံအမတ်‌ပြောကြား
ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၂

နိုင်ငံတကာအနေနဲ့ အာဆီယံယံမလုပ်နိုင်မှန်းသိလျက်သားနဲ့ မြန်မာ့အရေးကို အာဆီယံပဲလုပ်သင့်တယ်ဆိုတဲ့ အယူအဆကနေပြီးတော့ အလေးအနက်အထား စဉ်းစားသုံးသပ်ဖို့ လိုနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေး အစိုးရ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာမိသားစုကို မေတ္တာရပ်ခံ တိုက်တွန်းချင်တာကတော့ နိုင်ငံတကာ မိသားစုအနေနဲ့လည်း အာဆီယံမလုပ်နိုင်မှန်း သိလျက်သားနဲ့ အာဆီယံပဲလုပ်သင့်တယ်ဆိုတဲ့ အယူအဆကနေပြီးတော့ ကိုယ် ကိုယ်တိုင် ဘယ်လောက်အထိ လေးလေးနက်နက် ပူးပေါင်းပြီး ဆောင်ရွက်မှုတွေ ပေးသင့်သလဲဆိုတဲ့ အပိုင်းကနေ အလေးအနက်ထား စဉ်းစားပေးဖို့ အခုလာမယ့် အမေရိကန်ပြည် ထောင်စုနဲ့ အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာလည်း ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လေးလေးနက်နက် စဉ်းစားပြီးတော့ တိုက်တွန်းနှိုးဆော်သင့်တဲ့ကိစ္စတွေ ကိုယ်ကိုယ်တိုင်ပိုပြီးထိရောက်တဲ့ ပါဝင်ပတ်သက်မှုတွေရှိဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံ တိုက်တွန်းနေပါတယ်’ လို့ ဦးဘိုလှတင့်က ဒယ်တာသတင်း ဌာနနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားထားတာပါ။

အာဆီယံအနေနဲ့ မြန်မာ့အရေးအတွက် ဘုံသဘောတူညီချက်ကို လုပ်ဆောင်ထားပေမယ့်လည်း မအောင်မြင်တဲ့ အဓိကအကြောင်းအရင်းက အကြမ်းဖက်စစ်တပ်ကို ဘယ်အချိန်အတွင်း လုပ်ရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက် မရှိသလို ဒါကို မလိုက်နာရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ တင်းကြပ်မှုတွေ မရှိလို့ ဖြစ်ရတယ်ဆိုပြီး ထောက်ပြ ထားပါတယ်။

ဒါအပြင် နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံအတွင်းက စစ်ဘေးရှောင်တွေအပါအဝင် လူသားချင်းစာနာမှုအ ထောက်အပံ့တွေ လိုအပ်နေတဲ့ သူတွေကို ထောက်ပံ့နိုင်ရေးကိစ္စမှာလည်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ မြန်မာ နိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအတွင်းက အေဂျင်စီတွေနဲ့ လက်တွဲလုပ်ဆောင်နေရင် အကူအညီတွေက တိုက်ရိုက်ရောက်ရှိနိုင်မှာမဟုတ်ဘဲ လေလွင့်ဆုံးရှုံးနေဦးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဆီယံရဲ့ ASEAN Coordinating Centre for Humanitarian Assistance on disaster management ဆိုတာ မြန်မာနိုင်ငံလို အင်မတန်ရှုပ်ထွေးနက်နဲတဲ့ ပဋိပက္ခမျိုးတွေကို ကိုင်တွယ်ဖို့အဆင်သင့် မဖြစ်သေးဘူးဆိုတာနဲ့ မြန်မာ နိုင်ငံကို ထိရောက်တဲ့ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ အာဆီယံ၊ ကုလ သမဂ္ဂအေဂျင်စီနဲ့ မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသင့်တယ်လို့ ဦးဘိုလှတင့်က အကြံပြု ထားပါတယ်။

‘အဲဒီလိုသုံးပွင့်ဆိုင် ပူးပေါင်းပြီးတော့ လက်တွေ့ကျတဲ့ ယန္တယားတွေ ရရှိအောင် စွမ်းဆောင်သွားနိုင်မှသာလျှင် တကယ်ထိရောက်ပြီး လက်တွေ့ကျတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဗစ်ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာအကူအညီတွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးနိုင်မယ်လို့ လေးလေးနက်နက် တင်ပြတိုက်တွန်းနေတာဖြစ်တယ်’ လို့ ဦးဘိုလှတင့်က ပြောပါတယ်။

မြန်မာ့အရေးအတွက် အလုပ်ဖြစ်နိုင်မယ့် နည်းနာတွေကို ထည့်သွင်းမဖော်ပြနိုင်ဘူးဆိုရင်တော့ အာဆီယံရဲ့ ဘုံသ ဘောတူညီချက်တွေက ဖြစ်လာနိုင်စရာမရှိဘူးလို့လည်း အမျိုးသားညီညွတ်ရေး အစိုးရ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က ထောက်ပြထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.