နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်ကို ပိတ်ဆို့အရေးယူမှုတွေ ဖိအားပေးလုပ်ဆောင်ဖို့အတွက် CRPH တိုက်တွန်း
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၂
ပြည်သူ့အာဏာသိမ်းခံရတာ တစ်နှစ်ပြည်တဲ့ သဘောထားထုတ်ပြန်ချက်မှာ နိုင်ငံတကာက အကြမ်းဖက်စစ်အာ ဏာရှင်ကို ပိတ်ဆို့အရေးယူမှုတွေ ဖိအားပေးလုပ်ဆောင်ဖို့ လိုတယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ (CRPH)က ထုတ်ပြန်ချက် အမှတ် ၂ /၂၀၂၂ ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ကို အချက် ၈ ချက်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အသက်သွေးချွေးများစွာရင်းပြီး ဒီမိုကရေ စီ အတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန် လည်ရ ရှိရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေး အပ်ရေးတို့ကို ဆက်လက်ကူညီဆောင်ရွက်ပေးကြဖို့နဲ့ စစ်အာဏာရှင်တွေအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေကို ပိုမိုဖိအားပေး လုပ်ဆောင်ပေးကြဖို့ တောင်းဆိုတိုက်တွန်းထားတာ တွေ့ရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေနဲ့ ယင်းတို့ရဲ့ စနစ်ဆိုးတွေ လုံးဝပ ပျောက်စေရေးနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအ တွက် တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားလူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေအနေနဲ့ စည်းလုံးညီညွတ်စွာနဲ့ အောင်ပွဲရတဲ့အထိ ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်နေသလို CRPH အနေနဲ့လည်း ပြည်သူနဲ့အတူ အမြဲရပ်တည်ပြီး ကြိုးစား လုပ်ဆောင်မယ်လို့လည်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်(ဒီနေ့က) အာဏာသိမ်းခံရတာ တစ်နှစ်ပြည်တဲ့အထိ အကြမ်းဖက်စစ်အာဏာရှင်ကို နိုင်ငံ အတွင်းမှာရှိတဲ့ ဒေသအများအပြားမှာ အုပ်ချုပ်ခွင့်မပေးတဲ့အပြင် နိုင်ငံတကာကလည်း စစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန်ရေးတို့ကနေပြီး အရေးယူပိတ်ဆို့မှုတွေဖြစ်လာတာကလည်း ပြည်တွင်းပြည် ပ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်ကြိုးပမ်းအားထုတ်မှုကြောင့်သာဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။