နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင် ယူကေမှာရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေနဲ့ တွေ့ဆုံ
ဖေဖော်ဝါရီ ၆၊ ၂၀၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ယူကေခရီးစဥ်အတွင်း ယူကေရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီ တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်နေ့က Westminster တက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့ပြီး မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူ ၂၅၀ ခန့်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားမှာ တော်လှန်ရေးအတွင်းပေးဆပ်သွားကြတဲ့ ပြည်သူတွေကို ဦးညွှတ်အလေးပြုပြီး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေက အဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။
အဲ့ဒီနောက် ပြည်သူများတွေ မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အခမ်းအနားကိုးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။