နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာပေးပို့
◾ကုလ လုံခြုံရေးကောင်စီမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ မရပ်တည်ကြောင်းဖော်ပြမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်
ဇန်နဝါရီ ၂၂၊ ၂၀၂၃
အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင် က တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာပေးပို့ ခဲ့တယ်လို့ သိရပါတယ်။
သဝဏ်လွှာထဲမှာ တရုတ်သမ္မတ Xi Jinping တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနဲ့ Mr. Qin Gang ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပြီး တရုတ်ပြည် သူ့သမ္မတနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေဆီ ပြည်သူ့အာဏာ ပြန်လည်အပ်နှံ့နိုင်ရေး အတွက် ရပ်တည်ခဲ့မှုတွေကို အထူးကျေးဇူးတင်ကြောင်းဖော်ပြထားပါတယ်။
နိုင်ငံတကာ မျက်နှာစာ၊ အထူး သဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ မှာ ထောက်ခံ ကူညီပေးနေပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ အတူ မရပ်တည်ကြောင်း ပြသတဲ့အတွက် အိမ်နီးချင်းကောင်းပီသမှုကို သက်သေထူခဲ့တာကို အမှတ်ရနေမယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူတွေ မျှော်မှန်းထားတဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ပေါ်ပေါက်လာတဲ့အခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွါးနဲ့ ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုအကျိုးရှိစေလိမ့်မယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။