နယ်စပ်သောင်ရင်းမြစ်ဘေးမှာ နေထိုင်တဲ့ စစ်ရှောင် အဘိုး ၁ ယောက်သေဆုံး
ဇန်နဝါရီ ၂၁၊ ၂၀၂၂
လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် မြန်မာ နယ်စပ်သောင်ရင်းမြစ်ဘေး နေထိုင်တဲ့ ဖလူးကြီးကျေးရွာက စစ်ရှောင် အဘိုး ၁ ယောက်သေဆုံးတယ်လို့ KIC သတင်းမှာ ဖော်ြပထားပါတယ်။
ရာသီချိန်ခါမဟုတ် ဆက်တိုက် မိုးရွာတဲ့အတွက် ဖျားနာြပီး သေဆုံးတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေက လတ်တလောနေထိုင်ဖို့အတွက် မြေကြီးမှာ တာလပတ်ခင်းပြီး နေထိုင်ကြရတာပါ။
သက်ကြီး အဖိုး၊ အဖွား အချို့ နဲ့ ကလေးငယ်တွေက ဖျားနာ၊ ဝမ်းပျက်မှုတွေ ကြုံတွေ့ ခံစားနေကြရပြီလို့ စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင် နေသူတွေဆီက သိရတယ်လို့ KIC သတင်းမှာ ဖော်ြပထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။
Photo Credit – KIC