နယူးယောက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ငွေတိုက်စာချုပ်အရောင်းပွဲမှာ ၃ နာရီအတွင်း ကန်ဒေါ်လာ ၁၆၈၂၀၀ အထိ ရောင်းချနိုင်ခဲ့
ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၂
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall မှာ ဖေဖော်ဝါရီ ၂၇ ရက် (မနေ့က) ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ငွေတိုက်စာချုပ်အရောင်းပွဲမှာ ၃ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၆၈၂၀၀ အထိရောင်းချခဲ့နိုင်တယ်လို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်အရောင်းပွဲအတွင်းမှာ အမေရိကန်ရောက် မြန်မာပြည်သူ အယောက် ၃၀၀ လောက်အထိ ဝယ်ယူအားပေးခဲ့ကြတာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်ရှိအချိန်မှာ ငွေတိုက်စာချုပ်ပေါင်း ၅ သောင်းနီးပါးအထိ ရောင်းချထားပြီးလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ဖို့ အတွက် ငွေတိုက်စာချုပ်ကိုဝယ်ယူကြဖို့အတွက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။