နန်းမယ်ခုံမြို့ သာယပ်ရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်သေ
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂
ကယားပြည်နယ် နန်းမယ်ခုံမြို့ ၊ သာယပ်ရွာ
တိုက်ပွဲ အတွင်း မှာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ Loikaw Pdf ၊ Dmo Pdf ၊ KNDF မဟာမိတ် တပ်ပေါင်းစု တို့က ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၁၀ နာရီက စပြီး ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ဒီတိုက်ပွဲက တနေကုန်နီးပါး ကြာခဲ့တဲ့အထိပြင်းထန်ခဲ့ပြီးတော့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် သေဆုံးနိုင်ကာ (KDF) ဘက်က ၁ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့တယ်လို့ Karenni Democratic Front က ထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် စောဒေးဗစ်ထူး (ခ) လော်အယ် ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF က လူမျိုးနဲ့ နိုင်ငံ့ အတွက် အသက်ပေးဆပ်သွားခဲ့တဲ့အတွက် နိုင်ငံ့အာဇာနည်သူရဲကောင်း အဖြစ် အသိအမှတ်ပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ ဆိုပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။