‘နန်းထိုက်အောင်’ စစ်ဆင်ရေးအဖြစ် ရန်ကုန်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ တိုက်ခိုက်မှုများ ပြုလုပ်
ဇူလိုင် ၂၁ ၊ ၂၀၂၂
‘နန်းထိုက်အောင်’ စစ်ဆင်ရေးအဖြစ် ရန်ကုန်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဆင်ရေး တာဝန်ခံက အသိပေးထားပါတယ်။
ရန်ကုန်မြို့မှာ သာကေတမြို့နယ်အတွင်းမှာ ဇူလိုင် ၁၉ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ ခိုင်ရွှေဝါမှတ်တိုင်အနီး အကြမ်းဖက် စစ်ကောင်စီယာဉ်နှစ်စီးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့ အဲဒီတိုက်ခိုက်မှုကို Exodus(MO-5) အဖွဲ့က လုပ် ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီယာဉ်နှစ်စီးအနက် တစ်စီးမှာ ပျက်စီးပြီး တစ်ဦးသေကာ တစ်ဦးက စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၀ ရက် ညနေပိုင်းမှာလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်နဲ့ ဝိမုတ္တိအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေး လုံခြုံရေးဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြပါသေးတယ်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ဒွန်ကျေးရွာမှာလည်း ပြည်သူတွေရဲ့ ဆန္ဒအရ အုပ်ချုပ်ရေးမှူး စန်းဝင်း ကို ဇူလိုင် ၂၀ ရက် မွန်းလွဲမှာ ရှင်းလင်းရေးလုပ်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ ကိုဇော်ဆိုသူကိုလည်း ရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်စတင်ခဲ့တာက ဇူလိုင် ၁၆ ရက်မှာ ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီးတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ မစ်ရှင် ၁၁၃ ခုဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ သတင်းပေး ထောက်တိုင် ၉၇ ဦး ကို စီရင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရက်ပေါင်း၁၀၀အတွင်း မြန်မာပြည်တောင်ပိုင်းက တနင်္သာရီ၊ မွန်၊ ပဲခူးနဲ့ ရန်ကုန်တို့မှာ စစ်ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၅နဲ့ စီးပွားရေးပစ်မှတ် ၇ စုစုပေါင်း မစ်ရှင် ၁၁၂ခု ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရုပ်သံ – ဝိမုတ္တိအဖွဲ့က ဇူလိုင် ၂၀ ရက်မှာ စံပြစျေးအနီး လုံခြုံရေးဘန်ကာကို တိုက်ခိုက်မှုပြုလုပ်ခဲ့စဉ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။