နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်နဲ့ ပုလောမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက် မှုပြုလုပ်
◾️ ပြည်သူ့ကာကွယ်ရေးတပ်က ၃ ဦးကျဆုံးပြီး အကြမ်းဖက်စစ်တပ်ဘက်က ၁၀ ဦးသေ
ဇူလိုင် ၁၄ ၊ ၂၀၂၂
မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့နေရာကို ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ပုလော ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ဇူလိုင် ၁၃ ရက် (မနေ့က) နံနက် ၄ နာရီ ၄၀ မိနစ်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နန်း ထိုက်အောင် စစ်ဆင်ရေးအဖြစ်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
တိုက်ပွဲကြာမြင့်ချိန်မှာ ၈ နာရီခန့်လောက်အထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပုလောတပ်ခွဲမှူးအပါ အဝင် ၃ ဦးကျဆုံးခဲ့ရာ တပ်ဖွဲ့ဝင်နှစ်ဦးမှာ ရန်သူ့ စနိုက်ပါနဲ့ ပစ်ခံပြီးကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အကြမ်းဖက် စစ်တပ်ဘက်ကလည်း ၁၀ ဦးသေတယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ခွဲမှူး ရဲဘော် စော်ဘွားသည် စစ်အာဏာ ရှင်ကို တော်လှန်တိုက်ပွဲဝင်ရင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည်ကို များစွာ ဂုဏ်ပြုမှတ် တမ်းတင်အပ်ပါသည်။ တပ်ခွဲမှူးရဲဘော် စော်ဘွား၏ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့မှုများ ၊အနစ်နာခံခဲ့မှုများအပေါ် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလွန်အမင်း လေးစာဂုဏ်ယူမိကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း မှတ်တမ်းတင်အပ်ပါသည်”လို့ ဝမ်းနည်းမှတ်တမ်းအဖြစ် ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ကြဖို့၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်ကာကွယ်ရေးတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့အတွက် လည်း ပုလောပြည်သူ့ကာကွယ်ရေးတပ်က သတိပေးထားပါတယ်။
(ဓါတ်ပုံ- ပုလော PDF တပ်ဖွဲ့ဝင်အချို့)
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။