နတ်ချောင်းရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်နေ

နတ်ချောင်းရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်နေ

ဒီဇင်ဘာ ၂၃၊ ၂၀၂၁

အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြုပြီး ကလေးမြို့နတ်ချောင်းရွာကို ဒီနေ့ နေ့လည် ၃ နာရီက လေကြောင်းကနေ စတင် တရစပ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက People’s Spring ကို ပြောဆိုခဲ့ပါတယ်။

ဒီနေ့ ညနေ ၃ နာရီ ကျော်မှာ စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက လေဆိပ်ကို ဆင်းသက်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကလေး လေဆိပ်ကို အခုလအတွင်း စစ်ဘက်သုံးလေယာဉ်ကွင်းပုံစံ ပြင်ဆင်နေတာကို တွေ့နေရပါတယ်။

စစ်ကောင်စီတပ်က မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နတ်ချောင်းရွာမှာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားပြီး နေအိမ် ၆ လုံးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မနက် နတ်ချောင်းကျေးရွာအပါအဝင် ကလေးမြို့နယ် ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဒေသခံတချို့က ပြောပါတယ်။

ဒေသတွင်းစစ်ရေးတင်းမာနေပြီး ကလေး-ဂန့်ဂေါ ကားလမ်းတွေမှာ မော်တော်ယာဉ်သွားလာတာ မပြုလုပ်ဖို့ ကလေးPDF က ထုတ်ပြန်ထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.